အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်ဥ ထမင်းကြော် ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ကြက်ဥရယ်၊ ကြက်သွန်မြိတ်လေးရယ်နဲ့ ထမင်းကိုရောပြီးကြော်စားကြည့်တဲ့အခါ တမူထူးခြားတဲ့ အရသာနဲ့ခံတွင်းတွေ့တဲ့ ထမင်းကြော်ကို ရရှိစေမှာပါနော်။

ပါဝင်ပစ္စည်း

  • ထမင်း ၂ ခွက်
  • ကြက်ဥ ၂ လုံး
  • ကြက်သွန်မြိတ် ၂ ပင်၊ ၃ ပင်ခန့်
  • ပုဇွန် (ကြိုက်ရင်ထည့်ပါ)

  • ဆီ
  • ပဲငံပြာရည်
  • ဆားနဲ့ ငရုတ်ကောင်းမှုန့်
  • နှမ်းစေ့

ပြုလုပ်နည်း

အရင်ဆုံး ကြက်သွန်မြိတ်ကို တောက်တောက်စဉ်းလိုက်ပါ။

ကြက်ဥကို ခလောက်ပြီးသေချာမွှေလိုက်ပါ။

ကြက်သွန်မြိတ်ကို ဆီသတ်လိုက်ပြီး ကြက်ဥထည့်ကြော်လိုက်ပါ။

ပြီးရင်ကြက်ဥကို ခဏဖယ်ထားလိုက်ပါ။

ကျန်တဲ့ကြက်သွန်မြိတ်ကိုဆီသတ်ပြီး ပဲငံပြာရည်ထည့်ပါ။ ပုဇွန်ကြိုက်ရင် ပုဇွန်ကို ထည့်ကြော်လိုက်ပါ။

ထမင်းထည့်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်ထည့်လိုက်ပါ။ သေချာလေး ကြော်ပေးပြီး ကြက်ဥထည့်လိုက်ပါ။

ကြက်ဥ ထမင်းကြော်ပူပူလေး ကြော်စားကြမယ်

ပြီးရင်တော့ အပေါ်ကနေ နှမ်းလေးဖြူးပြီး မွှေးမွှေးလေးနဲ့ ပူပူလေး သုံးဆောင်နိုင်ပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar