[Unicode]

အဆီဓာတ် ပါတဲ့ အစားအစာတွေလို့ ကြားလိုက်တာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေလို့ တန်းပြီး တွေးမိသွားကြပါတယ်။ ဒါပေမယ့် အသင့်စားအစားအစာတွေ၊ သကြားနဲ့လုပ်ထားတဲ့အစားအစာတွေနဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့အစားအစာတွေကျတော့ မရှောင်ကြဉ်ကြပါဘူး။ နောက်ဆုံးမှာ ကိုယ်အလေးချိန်တွေတက်လာမယ်၊ ပင်ပန်းနွမ်းနယ်ပြီး ဖျားနာလာပါတယ်။

တချို့ အဆီဓာတ်ပါတဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးအတွက် ညီညွတ်တဲ့ အဆီဓာတ်ပါတဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးက တခြား အသီးတွေနဲ့ ကွဲပြားခြားနားပါတယ်။ သူ့မှာ ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုနှုန်းမြင့်မားပြီး အဆီဓာတ်တွေလည်း အများကြီးပါပါတယ်။

ဒါပေမယ့် ဒီအသီးပါဝင်တဲ့အဆီဓာတ်ရဲ့ ၇၇ ရာခိုင်နှုန်းက လူကိုဒုက္ခမပေးတဲ့ အဆီဓာတ်တွေပါဘဲ။ အဆီဓာတ်တွေမှာ oleic အက်ဆစ်ပါဝင်ပါတယ်။ ဒါက သံလွင်ဆီမှာ တွေ့ရတဲ့ အက်ဆစ်ဓာတ်တစ်မျိုးပါ။ ဒီအက်ဆစ်က ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ အက်ဆစ်ဖြစ်ပါတယ်။

ထောပတ်သီးမှာ ပိုတက်ဆီယမ်ဓာတ်တွေအများကြီးပါဝင်ပြီး ငှက်ပျောသီးမှာပါဝင်တာထက် ၄၀ ရာခိုင်နှုန်းလောက်ပိုများပါတယ်။

သွေးအတွင်းကိုယ်လက်စထရောဓာတ်ကို လျော့ချချင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်ချင်ရင်လည်း ထောပတ်သီးမှာ စားသုံးပေးသင့်ပါတယ်။ သူ့မှာ အမျှင်ဓာတ်တွေအများကြီးပါဝင်ပါတယ်။

ချိစ် (Cheese)

Source: Wisconsin Public Radio

ချိစ် (Cheese) မှာ အဆီဓာတ်တွေပါဝင်တယ်ဆိုတာကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ချိစ် အပြားလေး တစ်ပြားရဖို့အတွက် နွားနို့တစ်ခွက်လောက်ကုန်ပါတယ်။ ဒါကြောင့် ချိစ်တုံးရဖို့ နွားနို့တွေအများကြီးနဲ့လုပ်ထားတာပါ။

ဒါကြောင့် သူ့မှာ ကယ်လ်ဆီယမ်၊ ဗီတာမင် B12၊ phosphorus နဲ့ Selenium တို့ပါဝင်ပါတယ်။

Source: Wikimedia Commons

ချိစ်ပြားမှာ ပရိုတင်း 6.7 g ပါဝင်ပါတယ်။

အဲ့ဒီအပြင် ဆီးချို ပုံစံ ၂ ကိုကာကွယ်ပေးနိုင်တဲ့ Fatty Acids တွေလည်း ပါဝင်ပါတယ်။

[Zawgyi]

အဆီဓာတ္ ပါတဲ့ အစားအစာေတြလို႔ ၾကားလိုက္တာနဲ႔ က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အစားအစာေတြလို႔ တန္းၿပီး ေတြးမိသြားၾကပါတယ္။ ဒါေပမယ့္ အသင့္စားအစားအစာေတြ၊ သၾကားနဲ႔လုပ္ထားတဲ့အစားအစာေတြနဲ႔ ကာဗိုဟိုက္ဒရိတ္ပါတဲ့အစားအစာေတြက်ေတာ့ မေရွာင္ၾကဥ္ၾကပါဘူး။ ေနာက္ဆံုးမွာ ကိုယ္အေလးခ်ိန္ေတြတက္လာမယ္၊ ပင္ပန္းႏြမ္းနယ္ၿပီး ဖ်ားနာလာပါတယ္။

တခိ်ဳ႕ အဆီဓာတ္ပါတဲ့ အစားအစာေတြက ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ဓာတ္ေတြကို ေပးစြမ္းႏိုင္ပါတယ္။

ဒါေၾကာင့္ က်န္းမာေရးအတြက္ ညီညြတ္တဲ့ အဆီဓာတ္ပါတဲ့ အစားအစာမ်ားကို ေ၀မွ်ခ်င္ပါတယ္။

ေထာပတ္သီး

ေထာပတ္သီးက တျခား အသီးေတြနဲ႔ ကြဲျပားျခားနားပါတယ္။ သူ႔မွာ ကာဗြန္ဟိုက္ဒရိတ္ပါ၀င္မႈႏႈန္းျမင့္မားၿပီး အဆီဓာတ္ေတြလည္း အမ်ားႀကီးပါပါတယ္။

ဒါေပမယ့္ ဒီအသီးပါ၀င္တဲ့အဆီဓာတ္ရဲ႕ ၇၇ ရာခိုင္ႏႈန္းက လူကိုဒုကၡမေပးတဲ့ အဆီဓာတ္ေတြပါဘဲ။ အဆီဓာတ္ေတြမွာ oleic အက္ဆစ္ပါ၀င္ပါတယ္။ ဒါက သံလြင္ဆီမွာ ေတြ႔ရတဲ့ အက္ဆစ္ဓာတ္တစ္မ်ိဳးပါ။ ဒီအက္ဆစ္က က်န္းမာေရးအတြက္ အရမ္းေကာင္းတဲ့ အက္ဆစ္ျဖစ္ပါတယ္။

ေထာပတ္သီးမွာ ပိုတက္ဆီယမ္ဓာတ္ေတြအမ်ားႀကီးပါ၀င္ၿပီး ငွက္ေပ်ာသီးမွာပါ၀င္တာထက္ ၄၀ ရာခိုင္ႏႈန္းေလာက္ပိုမ်ားပါတယ္။

ေသြးအတြင္းကိုယ္လက္စထေရာဓာတ္ကို ေလ်ာ့ခ်ခ်င္ၿပီး ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ခ်င္ရင္လည္း ေထာပတ္သီးမွာ စားသံုးေပးသင့္ပါတယ္။ သူ႔မွာ အမွ်င္ဓာတ္ေတြအမ်ားႀကီးပါ၀င္ပါတယ္။

ခ်ိစ္ (Cheese)

Source: Wisconsin Public Radio

ခ်ိစ္ (Cheese) မွာ အဆီဓာတ္ေတြပါ၀င္တယ္ဆိုတာကေတာ့ အားလံုးသိၿပီးသားျဖစ္မွာပါ။ ခ်ိစ္ အျပားေလး တစ္ျပားရဖို႔အတြက္ ႏြားႏို႕တစ္ခြက္ေလာက္ကုန္ပါတယ္။ ဒါေၾကာင့္ ခ်ိစ္တံုးရဖို႔ ႏြားႏို႔ေတြအမ်ားႀကီးနဲ႔လုပ္ထားတာပါ။

ဒါေၾကာင့္ သူ႔မွာ ကယ္လ္ဆီယမ္၊ ဗီတာမင္ B12၊ phosphorus နဲ႔ Selenium တို႔ပါ၀င္ပါတယ္။

Source: Wikimedia Commons

ခ်ိစ္ျပားမွာ ပရိုတင္း 6.7 g ပါ၀င္ပါတယ္။

အဲ့ဒီအျပင္ ဆီးခ်ိဳ ပံုစံ ၂ ကိုကာကြယ္ေပးႏိုင္တဲ့ Fatty Acids ေတြလည္း ပါ၀င္ပါတယ္။