ဇီကာဗိုင်းရပ်စ်ဟာ ကူးစက်မှုနှုန်း မြန်ပြီး ကမ္ဘာ့ကို ခြိမ်းခြောက်နေတဲ့ ကူးစက်ရောဂါ တစ်ခုပါ။ မကြာသေးမီကမှ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် တစ်ဦးကို စစ်ဆေးတွေ့ရှိထားပြီး ကူးစက်မှု ကာကွယ်ရေး သတင်းတွေ ထုတ်ပြန်နေတာ ကြားမိကြမှာပါ။
ခြင်ကနေ ကူးစက်တဲ့ ရောဂါ ဖြစ်တာမို့ အဓိက ခြင်မကိုက်အောင် နေရပါမယ်။ ကိုယ်ဝန်ဆောင်သည် ကူးစက်ခံရတဲ့ အခါ မွေးဖွားလာမယ့် ကလေးရဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။
ဇီကာကို ကုသနိုင်တဲ့ ဆေး မပေါ်သေးပါဘူး။ ကာကွယ်ခြင်းသာ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ကူးစက်ရောဂါတွေကို မကူးစက်အောင် ကိုယ်ခံအား တက်စေမယ့် အစားအစာတွေကို ရွေးချယ်စားသုံးပါ။
သင်္ဘောသီးဖျော်ရည်
သင်္ဘောသီး ဖျော်ရည်ဟာ ဖျားနာခြင်းကို ကာကွယ်ရာမှာ အလွန်တရာ အသုံးတည့်တဲ့ အစားအသောက်ပါ။ ကိုယ်ခံအားမြင့်တက်စေပြီး သွေးဖိအားကို ကောင်းစေပါတယ်။ ကူးစက်ရောဂါတွေကို တားဆီးနိုင်တဲ့ အစွမ်း ရှိတာကြောင့် သင်္ဘောသီး များများစားပေးပါ။ သာက်ပါ။ တစ်ခုရှိတာကတော့ ကိုယ်ဝန်ဆောင်သည်တွေ မသောက်သင့်ပါဘူး။
နနွင်း
ကိုယ်ခံအား ကောင်းစေပြီး ကူးစက်ရောဂါတွေရဲ့ ရန်ကို ကာကွယ်နိုင်မယ့် နောက်တစ်မျိုးကတော့ နနွင်းပါ။ နနွင်းရဲ့ အစွမ်းကတော့ အထူးတလည် ပြောစရာမလိုအောင်ပင် သိသူများလှပါတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ ဟင်းတွေထဲ နနွင်းကို တတ်နိုင်သမျှ ပါအောင် ချက်စားပါ။
ပင်စိမ်း
ဗီတာမင်အေ၊ စီနဲ့ အခြား သတ္တုဓာတ်တွေ ပါဝင်ပြီး ဖျားနာခြင်းနဲ့ တုပ်ကွေးတွေကို သက်သာစေတဲ့ အရွက်ပါ။ ကူးစက်ရောဂါတွေ မဖြစ်ပွားအောင် တားဆီးပေးနိုင်စွမ်း ရှိပါတယ်။ တတ်နိုင်သမျှ စားပေးပါ။ ငါးကို ချက်ပြီး ပင်စိမ်းလေး ခတ်ပြီး စားပေးပါ။ ဒီအတိုင်း စားနိုင်ရင် ပိုကောင်းပါတယ်။
ဂျင်း
မရိုးနိုင်တဲ့ ဂျင်းကတော့ ပါရစမြဲပါပဲ။ ဖျားနာခဲ့ရင်တောင် ဂျင်းကို ပြုတ်ပြီး သောက်ပေးရတဲ့ အထိ စွမ်းပါတယ်။ ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းတွေကို သက်သာစေနိုင်ပြီး ကိုယ်ခံအားကို သက်သာစေနိုင်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို ဖြစ်နိုင်လျှင် ဥတစ်လုံး စားပေးပါ။ ပိုပြီး ဆေးဖက်ဝင်စေပါတယ်။ ကိုယ်ခံအားကို တက်စေဖို့ အတွက် ပျားရည်နဲ့ တွဲစားပေးရင် ပိုကောင်းပါတယ်။
ဇီကာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ အတွက် …
Source: zeenews