ရာသီဥတု မမှန်တဲ့ အခါ တုပ်ကွေး ဗိုင်းရပ်စ်တွေဟာ ပျံ့နှံ့လွယ်ပြီး ကူးစက်ကြပါတယ်။ တငွေ့ငွေ့ဖျားနာခြင်း၊ လည်ချောင်းနာ၊ ချောင်းဆိုးနဲ့ အာသီးရောင်တာတွေကို  အခု ဖြစ်ပွားနေတဲ့ ပူလိုက်အေးလိုက်မိုးရွာလိုက် ရာသီဥတုမှာ အဖြစ်များကြပါတယ်။ ဒီလို ဖျားနာခြင်းတွေ မဖြစ်ပွားဖို့ အတွက် အစားအသောက် အနေအထိုင် ဂရုစိုက်ရပါမယ်။ အချို့အစားအစာတွေကို ကြိုတင်စားပေးပြီး ဗိုင်းရပ်စ်တွေကို ခုခံနိုင်ပါတယ်။ စားရမယ့် အစားအစာတွေကတော့..

အရည်များများ သောက်ပါ

Source: HerbalPharmal

ရေနဲ့ အခြား ဖြည့်စွက်စာတွေ ပါဝင်တဲ့ အရည်တွေ များများ သောက်ပေးပါ။ ပရိုတင်းနဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ ကြက်စွပ်ပြုတ်လိုမျိုးတွေလည်း သောက်ပေးပါ။ ရေလည်း များများ သောက်ပါ။ ရေဓာတ်ပါဝင်မှု များတဲ့ အသီးတွေကို စားပါ။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ စားပါ

Source: jacksonvilleallergycenter.com

အစိမ်းရောင် အရွက်တွေဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီဆုံး အရွက်တွေပါပဲ။ အစာကြေလွယ်ပြီး ကယ်လိုရီလည်း နည်းပါးစွာ ပါဝင်ပါတယ်။ ဗီတာမင်စီလည်း ပါဝင်တဲ့ အတွက် ရောဂါပိုးတွေ မဝင်နိုင်အောင် တားဆီးပေးနိုင်ပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်ဆစ် စားပါ

Source: uws.edu

အိုမီဂါ ၃ဖက်တီးအက်ဆစ် ရဖို့အတွက် ငါးတွေ များများစားပေးပါ။ ဒါ့အပြင် သူ့အတွက် သီးသန့်ထုတ်ထားတဲ့ ငါးကြီးဆီကို စားပါ။ သူ့မှာ ကောင်းမွန်တဲ့ အဆီပါဝင်ပြီး ကိုယ်ခံအားကို မြင့်တက်စေနိုင်ပါတယ်။

ပန်းသီးနဲ့ ဗီတာမင်စီ ပြည့်ဝတဲ့ အစားအစာတွေ စားပါ

Source: Pngtree

ပန်းသီး၊ ငှက်ပျောသီး လိုမျိုး ပိုတက်စီယမ်နဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးတွေကို စားပေးပါ။ ကီဝီ၊ လိမ္မော်သီး၊ ဘယ်ရီသီးတွေလို ဗီတာမင်စီ ပြည့်ဝတဲ့ အသီးတွေကိုလည်း စားပါ။ အင်တီအောက်စီးဒင့် ပါဝင်မှု များပြီး ရောဂါပိုးတွေကို ခုခံနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။

Ref: zeenews