၀က်ခြံ ဘယ်ကဖြစ်လာတာပါလိမ့်။ အဆီပြန်တာတွေကော ဘယ်လိုဖြစ်လာတာပါလဲ။
အသားအရေနဲ့ ပတ်သတ်တဲ့ ပြဿနာတွေအားလုံးဟာ ကိုယ်စားလိုက်တဲ့အစားအစာတွေရဲ့ အကျိုးဆက်ပါပဲ။
ချွေးပေါက်ပိတ်စေတဲ့မနက်စာ
မနက်စောစောမှာ ချော့ကလက် ဖျော်ရည်သောက်တာ (သို့) ချိစ့်ကိုပုံမှန်စားနေပါသလား။ ဒါဟာ ချွေးပေါက်တွေကို ပိတ်စေပါတယ်။
ဆား
ဆားက ဝက်ခြံကို တိုက်ရိုက်ဖြစ်တာတွေမဟုတ်ပါဘူး။ ဆားကိုများများစားသုံးတာဟာ ရေဓါတ်လိုအပ်မှုများစေပြီး ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။
အိုးမင်းရင့်ရော်စေတဲသကြား
သကြားပါဝင်တဲ့အစားအစာကို ကြိုက်လား။ ကြိုက်ပေမဲ့လည်း များများမစားသုံးပေးသင့်ပါဘူး။ သကြားပါဝင်တဲ့အစားအစာကို များများစားသုံးတာဟာ အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။
အာလူးကြော်
အာလူးကြော်ကို တစ်ချို့က နှစ်နှစ်ခြိုက်ခြိုက်ကိုစားကြပါတယ်။ ကျွန်မလည်းကြိုက်တာပါပဲ။ ဒါပေမဲ့ အာလူးကြော်ကိုများများစားတာဟာ လူကိုဝစေသလို အသားအရေကိုလည်း ရောင်ရမ်းစေပါတယ်။
အရေးကြောင်းဖြစ်စေတဲ့ ထောပတ်
ထောပတ်ကိုများများစားတာဟာ ကျန်းမာတဲ့အစားအစာတွေကိုစားတဲ့သူထက် အရေးကြောင်းတွေ ပိုများတာတွေ့ရပါတယ်။
ဝက်ခြံဖြစ်စေတဲ့ ပုဇွန်
ပုဇွန်ကို များများစားတာဟာ ဝက်ခြံဖြစ်စေပါတယ်။ ဒါ့အပြင် အနီရောင်အသားတွေများများစားတာဟာလည်း အသားအရေကို ထိခိုက်စေပြီး ဝက်ခြံဖြစ်စေသလို အိုမင်းရင့်ရော်စေပါတယ်။
အရက်
အရက်ကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ အရက်သောက်တာဟာ အသားအရေကို အဟာရဓါတ်မဖြည့်စွမ်းနိုင်သလို အသားအရေ ခြောက်သွေ့ပြီး အရေးကြောင်းပိုမိုဖြစ်ပေါ်စေပါတယ်။
အဲဒီအစား ဘာစားကြမလဲ
အသားအရေကို ဆိုးကျိုးတွေဖြစ်စေတဲ့ အစားအစာတွေကို ဖော်ပြခဲ့တာပါ။ ဒီတော့ ဘာစားရမလဲဆိုတာ တွေးကောင်းတွေးနေပါလိမ့်မယ်။ အသီးအရွက်တွေ အရောင်ပါတဲ့ အသီးအနှံတွေစားပါ။ ဆိုလိုတာဟာ ငရုတ်သီး လိမ္မော်သီး ကျွဲကောသီး ပန်းသီး စတဲ့အစာအစာတွေပါ။ ဒါတွေဟာ အသားအရေကို စိုပြေစေပါတယ်။
မှတ်ချက် = အပေါ်ကအစားအစာတွေကိုလည်းလုံးဝရှောင်ရမယ်ပြောတာမဟုတ်ပါဘူး။ အတော်အတင့်ပဲစားသင့်ပါတယ်။ အသီးအရွက်တော့ များများစားပါ။