ကြက်သွန်ဖြူကိုတော့ အိမ်မှာ ဟင်းချက်တိုင်းထည့်ချက်စားလေ့ရှိပါတယ်။ ကြက်သွန်ဖြူမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများအပြားပါဝင်နေတာပါ။
သုတေသနပြုချက်တစ်ခုက ကြက်သွန်ဖြူကို နေ့စဉ်ပုံမှန်စားပေးတဲ့သူဟာ အူမကြီးကင်ဆာဖြစ်ပွားမှုနည်းပြီး ကင်ဆာဆဲလ်ပြန့်နှံ့မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။
သုတေသီတွေကတော့ အစားအိမ်၊ အူမကြီးနဲ့ ရင်သားကင်ဆာတို့ကို ကြက်သွန်ဖြူက ကုသပေးနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
ဈေးလည်းအတော်အသင့်တဲ့ဝယ်စားလို့ အဆင်ပြေနေတဲ့ ကြက်သွန်ဖြူရဲ့အကျိုးကျေးဇူးကတော့ တကယ်ကို အံ့မခန်းပါပဲ။
ကင်ဆာဆဲလ်ကြီးထွားမှုကို ကာကွယ်ပေးနိုင်တဲ့ နောက်ထပ်အစားအစာတွေကတော့
ပဲအမျိုးမျိုး
သစ်ချသီး
ခရမ်းချဉ်သီး
ဘယ်ရီသီးများ
ပန်းဂေါ်ဖီစိမ်း