တစ်နေ့ထက်တစ်နေ့ ကမ္ဘာကြီးပေါ်မှာ မကျန်းမာခြင်းတွေနဲ့ အသက်အန္တရာယ်ရှိတဲ့ ကူးစက်ရောဂါအဆန်းတွေ ဖြစ်ပွားမှုနှုန်း အရမ်းများလာပါတယ်။ ကူးစက်ရောဂါတွေပြန့်ပွားနေတဲ့ အခုလိုအချိန်မှာ မိမိရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပြီးကူး စက်ရောဂါတွေ အလွယ်တကူ မဝင်ရောက် နိုင်အောင် ခန္ဓာကိုယ်မှာကိုယ်ခံစွမ်းအား ကောင်းမွန်နေဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီနေ့မှာတော့နေ့ရက်တိုင်းမှာ ကျန်းမာစွာ ဖြတ်သန်းနိုင်ဖို့ အရေးကြီးတဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် စူပါအစားအစာတွေ အကြောင်းပြောပြပေးချင်ပါတယ်။

(၁) ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့အသီးအနှံများ

Source : Shutterstock

ဗီတာမင်စီဟာ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းထက်ဆုံးဓာတ်တစ်မျိုးဖြစ်ပြီး ကူးစက် ရောဂါပိုးတွေကိုကာကွယ်ပေးတဲ့ ခန္ဓာကိုယ်အတွက်မရှိမဖြစ်သွေးဖြူဥဆဲလ်တွေကိုထုတ်ပေးတာကြောင့် တော် ရုံကူးစက်ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်တွင်းဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေဖြစ်တဲ့ ဂရိတ်ဖရုသီး လိမ္မော်သီး ရှောက်ချိုသီးတွေကို စားသုံး ပေးဖို့ခြင်း ကိုယ်ခံအားစနစ်မြှင့် တင်နိုင်မှာဖြစ်ပါတယ်။

(၂) ငရုပ်ပွသီး

Source : Shutterstock

ငရုပ်ပွသီးဟာလည်း လိမ္မော်သီး ရှောက်ချိုသီးတွေကဲ့သို့ပင် ဗီတာမင်စီဓာတ်ကြွယ်ဝအသီးအနှံတစ်မျိုးဖြစ်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင် ပါတယ်။ နောက်ဆုံးထူးခြားချက်တစ်ခုအနေနဲ့ ငရုပ်ပွသီးတွေဟာ Beta Carotene ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အဆိုပါ Beta Carotene ဓာတ်ဟာ မျက်စိနှင့်အရေးပြားကျန်းမာရေးကိုပါ အထူးကောင်းမွန်စေတာဖြစ်ပါတယ်။

(၃) ပန်းဂေါ်ဖီစိမ်း

Source : Shutterstock

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် အေ စီ အီး နှင့် သတ္တုဓာတ်များစွာပါဝင်ပြီး antioxidants ဓာတ် အမျှင်ဓာတ် များလည်းကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ပန်းဂေါ်ဖီစိမ်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဟာရဓာတ်တွေများစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ကျန်းမာရေး အတွက် အထူးသင့်လျော်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။

(၄) ကြက်သွန်ဖြူ

Source : Shutterstock

ဆေးဖက်ဝင်ပြီး မီးဖိုချောင်အတွက်မရှိမဖြစ်တဲ့ ကြက်သွန်ဖြူကို ရှေးခေတ်ကတည်းကဖျားနာခြင်းနဲ့ ကူးစက် ရောဂါတွေ ကာကွယ်ပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်အဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ကြက်သွန်ဖြူ မှာ Allicin ဒြပ်ပေါင်းများပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို မြှင်တင်ပေးပြီး သွေးဖိအားကိုလျော့ကျစေကာ သွေးလည်ပတ်မှုကောင်းမွန်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

(၅) ဂျင်း

Source : Shutterstock

ဂျင်းကလည်းဆေးဖက်ဝင်အမယ်တစ်မျိုးဖြစ်ပြီး ဖျားနာခြင်းတွေကိုအလျင်အမြန်ဆုံးသက်သာပျောက်ကင်းစေ ပါတယ်။ ဂျင်းကိုဟင်းချက်ရာတွင် အသုံးပြုရုံသာမက အချိုပွဲတွေ ဖျော်ရည်တွေအဖြစ်နဲ့လည်း စားသုံးကြပြီး ဖျားနာခြင်းတွေအပြင် နာတာရှည်ရောဂါတွေကိုပါ သက်သာစေတယ်လို့ သိရပါတယ်။ ကိုလက်စထရောပမာဏ ကိုလည်းလျော့ကျစေတာပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတာကြောင့် ကျန်းမာဖို့ ဂျင်းကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။