[Unicode]

နေ့ရက်တိုင်းကို ကျန်းမာစွာဖြတ်သန်းနိုင်ဖို့ ခန္ဓာကိုယ်မှာ ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းနေမယ်ဆိုရင် ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်တွင်းအလွယ်တကူဝင်ရောက်နိုင်မှာမဟုတ်ပါဘူး။ဒါ့ကြောင့် ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးမယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဟင်းနုနွယ်

Source : Shutterstock

ဟင်းနုနယ်ရွှက်ဟာ ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ဟင်းနုနယ်ရွှက်ဟာ ပန်းဂေါ်ဖီစိမ်းကဲ့သို့ Antioxidants နဲ့ Beta Carotene စတဲ့ ဓာတ်တိုးဆန့်ပစ္စည်းတွေပါဝင်ပြီး ရောဂါပိုးမွှားတွေခန္ဓာကိုယ်တွင်းမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်အေ ဖောလစ်အက်စစ်ဓာတ်တွေလည်းပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

(၂) ဒိန်ချဉ်

Source : Shutterstock

ကိုယ်ခံအားစနစ်အတွက် အလွန်အရေးကြီးတဲ့ ဗီတာမင် ဒီ ဓာတ်ကို ဒိန်ချဉ်စားသုံးပေးခြင်းဖြင့်ရရှိနိုင်ပါတယ်။ ဗီတာမင် ဒီ ကကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ အထောက်အပံ့ပေးတဲ့အပြင် ဖျားနာခြင်းနှင့် ခန္ဓာကိုယ်အတွင်းရောဂါပိုးများဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့်နေ့စဉ်ပုံမှန် ဒိန်ချဉ်တစ်ခွက်သောက်သုံးပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ကျန်းမာစေမှာသေချာပါတယ်။

(၃) ဗာဒံစေ့

Source : Shutterstock

ဗာဒံစေ့လို့ခေါ်တဲ့ Almonds စေ့တွေမှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် E ဓာတ်ကလည်း ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဗာဒံစေ့တွေမှာ ခန္ဓာကိုယ်အတွက်စားသုံးပေးသင့်တဲ့ ကျန်းမာတဲ့အဆီဓာတ်ပါဝင်ပြီး ကိုယ်လက်စထရောပမာဏကိုကျဆင်းစေတာကြောင့် ကိုယ့်ခံအားကိုမြှင်တင်ပေးကာ နှလုံးကျန်းမာရေးကိုပါကောင်းမွန်စေမှာဖြစ်ပါတယ်။

(၄) နနွင်း

Source : Shutterstock

နနွင်းကိုဟင်းချက်ရာမှာမပါမဖြစ်တဲ့အရာတစ်ခုအဖြစ်အသုံးပြုကြပြီး ဟိုးယခင်နှစ်ပေါင်းများစွာကလည်းကအရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်းများအတွက်အစွမ်းထက်တဲ့ဆေးနည်းအဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။နနွင်းမှာ Curcumin ဓာတ် မြင့်မားစွာပါဝင်တာကြောင့်သွေးလည်ပတ်မှုကိုကောင်းစေတဲ့အပြင် ခန္ဓာကိုယ်ကြွက်သား နဲ့ အသားအရေအတွက်လည်း ကောင်းကျိုးတွေများစွာရှိပါတယ်။

(၅) သဘောၤသီး

Source : Shutterstock

သဘောၤသီးဟာလည်း ကိုယ်ခံအားစနစ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် C ဓာတ်ကိုများစွာရရှိစေတဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ Papain လို့ခေါ်တဲ့အစာခြေအင်ဇိုင်းတွေလည်း ပါဝင်တာကြောင့် ရောင်ရမ်းမှုတွေကိုသက်သာစေပြီး ခန္ဓာကိုယ်ကျန်းမာခြင်းအတွက်လိုအပ်တဲ့ ပိုတက်ဆီယမ် ဗီတာမင် B နဲ့ Folate ဓာတ်တွေလည်းပါဝင်ပါတယ်။ဒါကြောင့် သဘောၤသီးဟာ ကိုယ်ခံအားကောင်းစေရုံသာမက ကျန်းမာရေးအတွက်လည်းအထူးသင့်လျော်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။

[Zawgyi]

ေန႔ရက္တိုင္းကို က်န္းမာစြာျဖတ္သန္းႏိုင္ဖို႔ ခႏၶာကိုယ္မွာ ကိုယ္ခံအားစနစ္ေကာင္းမြန္ေနဖို႔ လိုအပ္ပါတယ္။ ကိုယ္ခံအားေကာင္းေနမယ္ဆိုရင္ ေရာဂါပိုးမႊားေတြ ခႏၶာကိုယ္တြင္းအလြယ္တကူဝင္ေရာက္ႏိုင္မွာမဟုတ္ပါဘူး။ဒါ့ေၾကာင့္ ကိုယ္ခံအားစနစ္ကိုျမင့္တင္ေပးမယ့္ အစားအစာေတြကို မွ်ေဝေပးခ်င္ပါတယ္။

(၁) ဟင္းႏုႏြယ္

Source : Shutterstock

ဟင္းႏုနယ္႐ႊက္ဟာ က်န္းမာေရးအတြက္ အထူးသင့္ေလ်ာ္တဲ့ အစားအစာတစ္ခုျဖစ္ပါတယ္။ဟင္းႏုနယ္႐ႊက္ဟာ ပန္းေဂၚဖီစိမ္းကဲ့သို႔ Antioxidants နဲ႔ Beta Carotene စတဲ့ ဓာတ္တိုးဆန႔္ပစၥည္းေတြပါဝင္ၿပီး ေရာဂါပိုးမႊားေတြခႏၶာကိုယ္တြင္းမဝင္ေရာက္ႏိုင္ေအာင္ တိုက္ထုတ္ေပးပါတယ္။ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ဗီတာမင္ေအ ေဖာလစ္အက္စစ္ဓာတ္ေတြလည္းပါဝင္တာေၾကာင့္ ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစဖို႔ ကူညီေပးမွာျဖစ္ပါတယ္။

(၂) ဒိန္ခ်ဥ္

Source : Shutterstock

ကိုယ္ခံအားစနစ္အတြက္ အလြန္အေရးႀကီးတဲ့ ဗီတာမင္ ဒီ ဓာတ္ကို ဒိန္ခ်ဥ္စားသုံးေပးျခင္းျဖင့္ရရွိႏိုင္ပါတယ္။ ဗီတာမင္ ဒီ ကကိုယ္ခံအားစနစ္ေကာင္းမြန္ေစဖို႔ အေထာက္အပံ့ေပးတဲ့အျပင္ ဖ်ားနာျခင္းႏွင့္ ခႏၶာကိုယ္အတြင္းေရာဂါပိုးမ်ားဝင္ေရာက္ျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ေန႔စဥ္ပုံမွန္ ဒိန္ခ်ဥ္တစ္ခြက္ေသာက္သုံးေပးမယ္ဆိုရင္ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစၿပီး က်န္းမာေစမွာေသခ်ာပါတယ္။

(၃) ဗာဒံေစ့

Source : Shutterstock

ဗာဒံေစ့လို႔ေခၚတဲ့ Almonds ေစ့ေတြမွာ ဗီတာမင္ E ႂကြယ္ဝစြာပါဝင္ၿပီး ဗီတာမင္ E ဓာတ္ကလည္း ကိုယ္ခံအားစနစ္ကို အထူးေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ဗာဒံေစ့ေတြမွာ ခႏၶာကိုယ္အတြက္စားသုံးေပးသင့္တဲ့ က်န္းမာတဲ့အဆီဓာတ္ပါဝင္ၿပီး ကိုယ္လက္စထေရာပမာဏကိုက်ဆင္းေစတာေၾကာင့္ ကိုယ့္ခံအားကိုျမႇင္တင္ေပးကာ ႏွလုံးက်န္းမာေရးကိုပါေကာင္းမြန္ေစမွာျဖစ္ပါတယ္။

(၄) နႏြင္း

Source : Shutterstock

နႏြင္းကိုဟင္းခ်က္ရာမွာမပါမျဖစ္တဲ့အရာတစ္ခုအျဖစ္အသုံးျပဳၾကၿပီး ဟိုးယခင္ႏွစ္ေပါင္းမ်ားစြာကလည္းကအ႐ိုးအဆစ္ေရာင္ရမ္းနာက်င္ျခင္းမ်ားအတြက္အစြမ္းထက္တဲ့ေဆးနည္းအျဖစ္အသုံးျပဳခဲ့ၾကတာျဖစ္ပါတယ္။နႏြင္းမွာ Curcumin ဓာတ္ ျမင့္မားစြာပါဝင္တာေၾကာင့္ေသြးလည္ပတ္မႈကိုေကာင္းေစတဲ့အျပင္ ခႏၶာကိုယ္ႂကြက္သား နဲ႔ အသားအေရအတြက္လည္း ေကာင္းက်ိဳးေတြမ်ားစြာရွိပါတယ္။

(၅) သေဘာသႌး

Source : Shutterstock

သေဘာသႌးဟာလည္း ကိုယ္ခံအားစနစ္အတြက္မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္ C ဓာတ္ကိုမ်ားစြာရရွိေစတဲ့ ပစၥည္းတစ္မ်ိဳး ျဖစ္ပါတယ္။ Papain လို႔ေခၚတဲ့အစာေျခအင္ဇိုင္းေတြလည္း ပါဝင္တာေၾကာင့္ ေရာင္ရမ္းမႈေတြကိုသက္သာေစၿပီး ခႏၶာကိုယ္က်န္းမာျခင္းအတြက္လိုအပ္တဲ့ ပိုတက္ဆီယမ္ ဗီတာမင္ B နဲ႔ Folate ဓာတ္ေတြလည္းပါဝင္ပါတယ္။ဒါေၾကာင့္ သေဘာသႌးဟာ ကိုယ္ခံအားေကာင္းေစ႐ုံသာမက က်န္းမာေရးအတြက္လည္းအထူးသင့္ေလ်ာ္တဲ့အစားအစာတစ္ခုျဖစ္ပါတယ္။

Reference Source : Healthline