(Unicode)

လတ်တလောမှာ လူအများကို ခြိမ်းခြောက်နေတဲ့ရောဂါကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးပဲဖြစ်ပါတယ်။ ဒီရောဂါပိုးအတွက် ကာကွယ်ဆေးလည်း မရှိသလို ရောဂါကူးစက်ခံရပါကလည်း ပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးဝါးလည်း မရှိသေးပါဘူး။

ထိုရောဂါပိုး ကူးစက်ခံရသူတစ်ယောက်အနေနဲ့ အဖျားကိုယ်အပူချိန်မြင့်တက်ခြင်း၊ ချောင်းဆိုးလည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှှုခက်ခဲခြင်း၊ ဝမ်းပျက်ခြင်းနဲ့ အဆုတ်တွင်းရောဂါပိုး ပြင်းထန်ပါက ရင်ဘတ်အလွန်အမင်းအောင့်ခြင်းတို့ ခံစားရနိုင်ပါတယ်။

ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးဝါးမရှိသေးတဲ့အတွက်ကြောင့် ရောဂါကူးစက်မခံရဖို့အတွက် ကြိုတင်ကာကွယ်တဲ့နည်းလမ်းတစ်ခုတည်းကသာ အကောင်းဆုံးနည်းလမ်းပါပဲ။

တစ်ကိုယ်ရည် သန့်ရှင်းရေး၊ လက်သန့်ရှင်းရေးတို့ကို ယခင်ကထက်ပိုဂရုစိုက်ခြင်း၊ အသားငါးများ၊ ပင်လယ်စာများကို မကျက်တကျက်စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူထူထပ်သောနေရာများ သွားခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကိုယ်ခံစွမ်းအားမြှင့်မားဖို့အတွက် အာဟာရဖြစ်စေမယ့်အစားအစာများ များများစားသုံးပေးခြင်းတို့ကို ပြုလုပ်ကာ ရောဂါပိုးကူစက်ခြင်းမှ ကြိုတင်ကာကွယ်ထားပါ။

ဒါဆိုရင် ကိုယ်ခံစွမ်းအားမြှင့်မားဖို့အတွက် ဘယ်လိုအစားအစာတွေကို စားသုံးသင့်သလဲ။

အချဉ်ဓာတ်ကြွယ်ဝသော သစ်သီးများ

ဗီတာမင်စီဓာတ်ကြွယ်ဝသော လိမ္မော်သီး၊ ကမ္ဗလာသီး၊ သံပုယိုသီး၊ သံပုရာသီး၊ Grapefruit သီး စတဲ့ သစ်သီးများကို စားသုံးပေးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်လိုက်ပါ။ အအေးမိဖျားနာတဲ့သူတွေအတွက် ဗီတာမင်စီဓာတ်ကို များများမှီဝဲဖို့ လိုအပ်ပါတယ်။

ငရုတ်ပွအနီ

ဗီတာမင်စီဓာတ်အကြွယ်ဝဆုံးအစားအစာက သံပုယိုသီး၊ သံပုရာသီးတွေဖြစ်မယ်လို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ငရုတ်ပွအနီရဲ့ဗီတာမင်စီဓာတ်က ထိုအချဉ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေထက် နှစ်ဆပိုများပါတယ်။

ပန်းဂေါ်ဖီအစိမ်း

ဗီတာမင်စီအပြင်၊ ဗီတာမင်အေ၊ ဗီတာမင်အီး၊ အမျှင်ဓာတ်နဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ ပန်းဂေါ်ဖီစိမ်းကို သင့်ရဲ့နေ့စဉ်စားသုံးရမယ့် ဟင်းလျာတစ်ခုအဖြစ် သတ်မှတ်ထားနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ သဘာဝကပေးအပ်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးရုံသာမက သွေးတိုးရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဂျင်း

နေမကောင်းဖြစ်ချင်တင်တင်ဖြစ်လာတာနဲ့ ဂျင်းကိုသာ သတိရလိုက်ပါ။ ဂျင်းက လည်ချောင်းနာခြင်းကိုလည်း သက်သာစေရုံသာမက ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို သက်သာစေကာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။

အထက်ဖော်ပြပါ အစားအစာများအပြင် ဟင်းနုနွယ်ရွက်၊ ဒိန်ချဉ်၊ အယ်လ်မွန်သီး၊ နနွင်းမှုန့်၊ Green Tea၊ သင်္ဘောသီး၊ ကီဝီသီး၊ ကြက်သား၊ နေကြာစေ့ စတဲ့အစားအစာများအားလုံးက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အတွက်ကြောင့် ယခုအချိန်မှာ များများစားသုံးပေးခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို ကြိုတင်ကာကွယ်ထားလိုက်ကြရအောင်။

Source: Healthline.com

(Zawgyi)

လတ္တေလာမွာ လူအမ်ားကို ၿခိမ္းေျခာက္ေနတဲ့ေရာဂါကေတာ့ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုးပဲျဖစ္ပါတယ္။ ဒီေရာဂါပိုးအတြက္ ကာကြယ္ေဆးလည္း မရွိသလို ေရာဂါကူးစက္ခံရပါကလည္း ေပ်ာက္ကင္းေအာင္ ကုသႏိုင္မယ့္ ေဆးဝါးလည္း မရွိေသးပါဘူး။

ထိုေရာဂါပိုး ကူးစက္ခံရသူတစ္ေယာက္အေနနဲ႔ အဖ်ားကိုယ္အပူခ်ိန္ျမင့္တက္ျခင္း၊ ေခ်ာင္းဆိုးလည္ေခ်ာင္းနာျခင္း၊ ႏွာရည္ယိုျခင္း၊ အသက္ရွႈခက္ခဲျခင္း၊ ဝမ္းပ်က္ျခင္းနဲ႔ အဆုတ္တြင္းေရာဂါပိုး ျပင္းထန္ပါက ရင္ဘတ္အလြန္အမင္းေအာင့္ျခင္းတို႔ ခံစားရႏိုင္ပါတယ္။

ေရာဂါေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္တဲ့ ေဆးဝါးမရွိေသးတဲ့အတြက္ေၾကာင့္ ေရာဂါကူးစက္မခံရဖို႔အတြက္ ႀကိဳတင္ကာကြယ္တဲ့နည္းလမ္းတစ္ခုတည္းကသာ အေကာင္းဆံုးနည္းလမ္းပါပဲ။

တစ္ကိုယ္ရည္ သန္႔ရွင္းေရး၊ လက္သန္႔ရွင္းေရးတို႔ကို ယခင္ကထက္ပိုဂရုစိုက္ျခင္း၊ အသားငါးမ်ား၊ ပင္လယ္စာမ်ားကို မက်က္တက်က္စားသံုးျခင္းမွ ေရွာင္ၾကဥ္ျခင္း၊ လူထူထပ္ေသာေနရာမ်ား သြားျခင္းမွ ေရွာင္ၾကဥ္ျခင္း၊ ကိုယ္ခံစြမ္းအားျမွင့္မားဖို႔အတြက္ အာဟာရျဖစ္ေစမယ့္အစားအစာမ်ား မ်ားမ်ားစားသံုးေပးျခင္းတို႔ကို ျပဳလုပ္ကာ ေရာဂါပိုးကူစက္ျခင္းမွ ႀကိဳတင္ကာကြယ္ထားပါ။

ဒါဆိုရင္ ကိုယ္ခံစြမ္းအားျမွင့္မားဖို႔အတြက္ ဘယ္လိုအစားအစာေတြကို စားသံုးသင့္သလဲ။

အခ်ဥ္ဓာတ္ၾကြယ္ဝေသာ သစ္သီးမ်ား

ဗီတာမင္စီဓာတ္ၾကြယ္ဝေသာ လိေမၼာ္သီး၊ ကမၺလာသီး၊ သံပုယိုသီး၊ သံပုရာသီး၊ Grapefruit သီး စတဲ့ သစ္သီးမ်ားကို စားသံုးေပးျခင္းအားျဖင့္ ကိုယ္ခံစြမ္းအားကို ျမွင့္တင္လိုက္ပါ။ အေအးမိဖ်ားနာတဲ့သူေတြအတြက္ ဗီတာမင္စီဓာတ္ကို မ်ားမ်ားမွီဝဲဖို႔ လိုအပ္ပါတယ္။

ငရုတ္ပြအနီ

ဗီတာမင္စီဓာတ္အၾကြယ္ဝဆံုးအစားအစာက သံပုယိုသီး၊ သံပုရာသီးေတြျဖစ္မယ္လို႔ သင္ ထင္ေကာင္းထင္ပါလိမ့္မယ္။ ဒါေပမဲ့ ငရုတ္ပြအနီရဲ႕ဗီတာမင္စီဓာတ္က ထိုအခ်ဥ္ဓာတ္ၾကြယ္ဝတဲ့အစားအစာေတြထက္ ႏွစ္ဆပိုမ်ားပါတယ္။

ပန္းေဂၚဖီအစိမ္း

ဗီတာမင္စီအျပင္၊ ဗီတာမင္ေအ၊ ဗီတာမင္အီး၊ အမွ်င္ဓာတ္နဲ႔ Antioxidants မ်ား ၾကြယ္ဝစြာပါဝင္တဲ့ ပန္းေဂၚဖီစိမ္းကို သင့္ရဲ႕ေန႔စဥ္စားသံုးရမယ့္ ဟင္းလ်ာတစ္ခုအျဖစ္ သတ္မွတ္ထားႏိုင္ပါတယ္။

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴကေတာ့ သဘာဝကေပးအပ္တဲ့ ေဆးစြမ္းေကာင္းတစ္လက္ပဲျဖစ္ပါတယ္။ ၾကက္သြန္ျဖဴက ကိုယ္ခံစြမ္းအားကို ျမွင့္တင္ေပးရံုသာမက ေသြးတိုးေရာဂါ ခံစားရျခင္းမွလည္း ကာကြယ္ေပးႏိုင္ပါတယ္။

ဂ်င္း

ေနမေကာင္းျဖစ္ခ်င္တင္တင္ျဖစ္လာတာနဲ႔ ဂ်င္းကိုသာ သတိရလို္က္ပါ။ ဂ်င္းက လည္ေခ်ာင္းနာျခင္းကိုလည္း သက္သာေစရံုသာမက ေခါင္းမူးေခါင္းကိုက္ျဖစ္ျခင္း၊ ကိုယ္လက္မအီမသာျဖစ္ျခင္းတို႔ကို သက္သာေစကာ ကိုယ္ခံစြမ္းအားကို ျမွင့္တင္ေပးႏို္င္ပါတယ္။

အထက္ေဖာ္ျပပါ အစားအစာမ်ားအျပင္ ဟင္းႏုႏြယ္ရြက္၊ ဒိန္ခ်ဥ္၊ အယ္လ္မြန္သီး၊ နႏြင္းမႈန္႔၊ Green Tea၊ သေဘၤာသီး၊ ကီဝီသီး၊ ၾကက္သား၊ ေနၾကာေစ့ စတဲ့အစားအစာမ်ားအားလံုးက ကိုယ္ခံစြမ္းအားကို ျမွင့္တင္ေပးႏိုင္တဲ့အတြက္ေၾကာင့္ ယခုအခ်ိန္မွာ မ်ားမ်ားစားသံုးေပးျခင္းအားျဖင့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါကို ႀကိဳတင္ကာကြယ္ထားလိုက္ၾကရေအာင္။

Source: Healthline.com