အစာလည်းဆေး ဆေးလည်းအစာပါပဲနော်။ ကျွန်မတို့ရဲ့ နေ့စဉ် နေထိုင်စားသောက်မှုတွေက ကျွန်မတို့ရဲ့ ကျန်းမာရေးရလဒ်တွေပါပဲ။ ကင်ဆာကင်းဝေအောင် စားရမယ့် အစားအစာ ၉ မျိုးကို မျှဝေပေးချင်ပါတယ်။

၁။ ကန်ဇွန်းဥ

thumb_822_gallery_big

ကန်ဇွန်းဥမှာ Beta-Carotene ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ Beta-Carotene ပါဝင်တဲ့အစာအစာတွေဟာ ကင်ဆာဖြစ်ပွားမှုကို လလျှာ့ချပေးနိုင်ပါတယ်။ အထူးသဖြင့် အဆုတ်၊ အူမကြီးနဲ့ အစာအိမ်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ ဘယ်ရီသီးတွေ

thumb_821_gallery_big

လေ့လာတွေ့ရှိမှုအရ ဘယ်ရီသီးတွေဟာ ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကိုလျှော့ချပေးနိုငတဲ့အသီးတွေဖြစ်ပါတယ်။ အဲဒီအသီးတွေမှာပါဝင်တဲ့ Antioxidant တစ်မျိုးက ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပါတယ်။

၃။ မြေပဲ နဲ့ မြေပဲထောပတ်

thumb_820_gallery_big

ဗီတာမင် E ပါဝင်တဲ့အစားအစာတွေဟာ အစာအိမ်၊ အူမကြီး၊ အဆုတ်၊ အသည်းနဲ့ တခြားကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ဗီတာမင်E ပါဝင်တဲ့ မြေပဲ၊ မြေပဲထောပတ်၊ ဗာဒံသီးတွေ၊ နေကြာစေ့တွေကို စားပေးပါ။

၄။ ဆဲလ်မွန်ငါး

thumb_823_gallery_big

ဗီတာမင် D စားသုံးမှုနည်းတာဟာ အူမကြီးနဲ့ ရင်သားကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါတယ်။ သုတေသနပြုချက်အရ ဗီတာမင် D ဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆဲလ်မွန်ငါးမှာ ဗီတာမင် D ကြွယ်ဝစွာပါဝင်ပါတယ်။

၅။ နနွင်းမှုန့်

thumb_827_gallery_big

နနွင်းမှုန့်ကို ဟင်းလျာတွေမှာ ထည့်ပြီးစားသုံးပေးရုံနဲ့ ကင်ဆာကာကွယ်ပေးနိုင်ပါတယ်။

၆။ လက်ဖက်

thumb_825_gallery_big

လက်ဖက်မှာ ကင်ဆာဆဲလ် ကြီးထွားမှုကို တားဆီးပေးတဲ့ ဂုဏ်သတ္တိတွေကြွယ်ဝစွာပါဝင်ပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် အစာအိမ်ကင်ဆာ လျှောချဖို့ Green Tea ကိုသောက်သုံးကြပါတယ်။ တရုတ်နိုင်ငံမှာဆိုလည်း Green Tea ကိုဆေးဖြစ်ဝါးဖြစ်သောက်သုံးကြပြီး အခုလို သောက်သုံးတဲ့သူတွေဟာ မသောက်သုံးတဲ့သူတွေထက် ကင်ဆာကင်းဝေတာကို သက်သေပြနိုင်ခဲ့ပြီးပါပြီ။

၇။ ပန်းဂေါ်ဖီစိမ်း

thumb_826_gallery_big

ပန်းဂေါ်ဖီစိမ်းအပါအဝင် အသီးအနှံတော်တော်များများမှာ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ Phytonutrients ဆိုတဲ့ ဓါတ်တွေလည်းပါဝင်ပြီး ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီတွေမှာ အဲဒီဓါတ်ပါဝင်ပါတယ်။

၈။ သလဲသီး

thumb_829_gallery_big

လက်တွေ့ခန်းမှာ စမ်းသတ်ချက်အရ သလဲသီးဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ သလဲသီးလို Ellagic Acid ပါဝင်တဲ့ စတော်ဘယ်ရီ၊ သစ်ချသီး၊ စပျစ်သီး စတာတွေကိုလည်း စားပေးနိုင်ပါတယ်။

၉။ Grapefruit

thumb_819_gallery_big

ဗီတာမင် C ကြွယ်ဝတဲ့ Grapefruit၊ လိမ္မော်သီး၊ ငရုတ်ပွသီး စတာတွေကို စားပေးတာဟာ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးပါတယ်။ ဒါ့အပြင် တခြားကင်ဆာအမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။