အသက်ရှင်ဖို့လေကိုရှုရှိုက်ရသလို ကျွန်တော်တို့နေ့စဉ်ရှုရှိုက် နေတဲ့ လေထုထဲကအရာမှန်သမျှက အဆုတ်ကို တိုက်ရိုက်ထိတွေ့စေတာ ဖြစ်ပါတယ်။ လေထုထဲမှာမမြင်နိုင်တဲ့ဖုန်နဲ့အညစ် အကြေးတွေ အများကြီးပါလာနိုင်ပြီး အဆုတ်ကျန်းမာရေးကိုလျစ်လျူရှု့ထားမယ်ဆိုရင် အဆုတ်နဲ့ အသက်ရှု လမ်းကြောင်း ဆိုင်ရာရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ အဆိပ်အတောက်တွေပြေစေပြီး သဘာဝအတိုင်းအဆုတ်ကို သန့်စင်ပေးနိုင်မယ့် အစားအစာတွေ အကြောင်းပြောပြပေးချင်ပါတယ်။

(၁) ကြက်သွန်ဖြူ

Source : Shutterstock

ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဓာတ်ကကူးစက်ရောဂါပိုးမွှားတွေကိုတိုက်ဖျက်ပေးပြီး ရောင်ရမ်းမှုတွေကိုလျော့ကျစေပါတယ်။များသောအားဖြင့် ကြက်သွန်ဖြူကို ပန်းနာရင်ကျပ်ရောဂါအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်အဖြစ်မှီဝဲကြပြီး ကြက်သွန်ဖြူစားသုံးပေးခြင်းဖြင့် အဆုတ်ကင်ဆာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင် မှာဖြစ်ပါတယ်။

(၂) ပန်းသီး

Source : Shutterstock

ပန်းသီးဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အဟာရဓာတ် ဗီတာမင်ဓာတ် အမျှင်ဓာတ်များစွာပါဝင်တဲ့အပြင် ကယ်လိုရီနည်းတဲ့အသီးအနှံ့တစ်မျိုးဖြစ်ပါတယ်။ပန်းသီးမှာပါဝင်တဲ့ Flavonoids ဗီတာမင် C နဲ့ Antioxidants ကကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အသက်ရှုလမ်းကြောင်းစနစ်အထောက်အပံ့ဖြစ်စေပါတယ်။ဒါကြောင့်ပန်းသီးပုံမှန် စားသုံးပေးမယ်ဆိုရင် အဆုတ်နဲ့သက်ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်မှဖြစ်ပါတယ်။

(၃) ဂျင်း

Source : Shutterstock

ဟင်းချက်ရာမှာပါမဖြစ်တဲ့အရာတစ်ခု အဖြစ်အသုံးပြုကြတဲ့ ဂျင်းမှာ ဆေးဖက်ဝင်တဲ့ အာနိသင်တွေများစွာပါဝင်ပါတယ်။ဂျင်းကို ဟင်းချက်ရာမှာသာမက လက်ဖက်ရည် သံပရာသီးတို့နဲ့ လည်းရောစပ်သောက်သုံးကြပါတယ်။ဂျင်းဟာ ဖျားနာမှုတွေနဲ့ ရောင်းရမ်း နာကျင်တွေမှုတွေကို သက်သာစေသလို အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းမှာရှိတဲ့ အညစ်အကြေးတွေကိုလည်း သဘာဝအတိုင်းသန့်စင်ပေးနိုင်စွမ်းရှိပါတယ်။

(၄) Green Tea

Source : Shutterstock

ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေပြီး ကျန်းမာရေးနဲ့မညီမညွှတ်တဲ့အစားအစာတွေကို စားသုံးမိတဲ့အခါသင့်ရဲ့အဆုတ်ကပိုပြီးအလုပ်လုပ်ဆောင်ရပါတယ်။ Green Teaကတော့ အစာအိမ်အူလမ်းကြောင်းနဲ့ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးသလို အဆုတ်ကိုလည်း သဘာဝအတိုင်းသန့်စင်ပေးပါတယ်။ ညအိပ်ရာမဝင် Green Tea တစ်ခွက်သောက်သုံးပေးပါက ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေပြီး အားအင်ပြည့်ဝလန်းဆန်းစွာ နိုးထစေမှာဖြစ်ပါတယ်။