လူတစ်ယောက်ဟာ ဘဝမှာ ကောင်းမွန်စွာ နေထိုင်ပြီး ကျန်းမာပျော်ရွှင်ဖို့ဟာ အဓိက အရေးအကြီးဆုံးပါ။ ဘဝတစ်သက်စာလုံး စိတ်ပျော်ရွှင်ပြီး ကျန်းမာနေချင်တယ်ဆိုရင်တော့ စားရမယ့် အစားအစာဟာ ၅မျိုးပဲ ရှိပါတယ်။ ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ပြီး ကျန်းမာနေဖို့အတွက်

ငါးများများစားပါ

salmon

အသက်ရှည်ပြီး အနာမဲ့အောင် စားသင့်တဲ့ အသားဆိုရင်တော့ ငါးပါ။ အိုမီဂါ၃အက်ဆစ်ဓာတ်ကို များများပေးနိုင်မယ့် ဆယ်လ်မွန်ငါးတို့လို ငါးမျိုးဆိုရင်တော့ အကောင်းဆုံးပါပဲ။

အရည်ရွှမ်းစေမယ့် အသီးတွေ စားပါ

orange

လိမ္မော်သီး၊ စပျစ်သီး၊ လီမွန်၊ သံပုရာသီး၊ ဖရဲသီး တို့ကို များများ စားပေးပါ။ ဗီတာမင် စီ ပါဝင်မှု များစေမယ့် အသီးတွေဆိုရင် ပိုကောင်းပါတယ်။ ကိုယ်ခံအားကို မြင့်တက်စေနိုင်ပြီး တော်ရုံ ရောဂါတွေ မဝင်လာစေနိုင်တော့ပါဘူး။

အစေ့အဆန်တွေကို စားပါ

walnuts

ဖရုံစေ့၊ သစ်ကြားသီး၊ မြေပဲ၊ နေကြာစေ့တို့လို အစေ့အဆန်တွေကို သရေစာ အနေနဲ့ စားပေးပါ။ အခြား အဆီတက်စေမယ့် သရေစာတွေ စားတာထက် အစေ့အဆန်တွေဟာ ပိုပြီး အကျိုးများစေပါတယ်။

သခွားသီး များများစားပါ

cucumber

ကိုယ်တွင်းအေးစေပြီး အသားအရေ အတွက် သခွားသီးကို နေ့တိုင်း စားပေးပါ။ သတိထားပြီး ကိုယ်စားမယ့် အစားအစာတွေထဲမှာ သခွားသီးပါအောင် ဂရုစိုက်ပြီး စားပေးပါ။

ရေများများသောက်ပါ

water

ရေခဲရေသောက်ခြင်းထက် ရိုးရိုးရေနဲ့ ရေနွေးကြမ်းတို့ကို များများသောက်ပါ။ အစာကို ကြေညက်စေဖို့ ကူညီတဲ့ အတွက် အခြား ရောဂါတွေ မဝင်လာနိုင်အောင် တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးပါတယ်။