ဘယ်လောက်ပဲ တက်တက်ကြွကြွ ဖြစ်နေပါစေ၊ ခေါင်းကိုက်လာပြီဆိုရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ အားအင်တွေကုန်ခမ်းသွားသလိုပါပဲ။ ခေါင်းကိုက်ပျောက်ဆေး သောက်လိုက်ရင်သက်သာသလိုရှိပေမယ့် ခဏခဏဖြစ်နေတတ်ရင်တော့ သဘာဝနည်းလမ်းဟာ အကောင်းဆုံးပါ။ ဆေးသောက်မယ့်အစား ဒီအစားအစာတွေပြောင်းစားကြည့်ပါ။

၁။ဖုတ်ထားသောအာလူး။

အာလူးဖုတ်ဟာ ခေါင်းကိုက်ခြင်းကို ပြေစေပါတယ်။ အထူးသဖြင့် အရက်မူးခြင်းမှဖြစ်ပေါ်လာတဲ့ ခေါင်းကိုက်ခြင်းအတွက် သင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရက်သောက်ခြင်းဖြင့်ရေဓာတ်ခမ်းခြောက်စေရုံသာမကပဲ ပိုတက်စီယမ်ဓာတ်တွေဆုံးရှုံးစေပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ကြွယ်ဝတဲ့ အာလူးကို စားပေးခြင်းဖြင့် အရက်မူးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ခေါက်ကိုက်ခြင်းကိုပျောက်ကင်းစေပါတယ်။

၂။ဖရဲသီး။

Source: nbcnews.com

ခေါင်းကိုက်ခြင်းရဲ့ အဓိကအကြေင်းအရင်းက ရေဓာတ်ခမ်းခြောက်လို့ပါပဲ။ ခေါင်းကိုက်တဲ့အခါ ဆေးသောက်နေမယ့်အစား ဖရဲသီးလိုမျိုး အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေကိုစားသုံးပေးပါ။ သစ်သီးဝလံတွေမှာပါဝင်တဲ့ သဘာဝရေဓာတ်ဟာ ခေါင်းကိုက်မှုကိုပျောက်ကင်းစေတဲ့ မက်ဂနီစီယမ်လို အရေးပါတဲ့ သတ္တုဓာတ်တွေကြွယ်ဝနေပါတယ်။ ဘယ်ရီသီး၊သခွားသီး၊ခရမ်းချဉ်သီး ၊ဆလပ်ရွက်တို့လည်း ပြောင်းစားပေးလို့ရပါတယ်။

၃။ကော်ဖီ

Source: The Cheat Sheet

အရက်ဟာ သွေးကြောတွေကို ကျယ်ပြန့်စေတာကြောင့် ခေါင်းကိုက်စေပေမယ့် ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သွေးကြောတွေကို ကျဉ်းစေတာကြောင့် ခေါင်းကိုက်ခြင်းကို ပြေလျော့စေပါတယ်။ ဒါပေမယ့် များများမသောက်ပါနဲ့။ ကော်ဖီမှာလည်း ရေဓာတ်ခမ်းခြောက်စေတဲ့ ဂုဏ်သတ္တိပါဝင်တာကြောင့် များများသောက်ရင် ပိုပြီးဆိုးရွားလာနိုင်ပါတယ်။ တစ်ခွက် နှစ်ခွက်ထပ် ပိုမသောက်ပါနဲ့။

ဗာဒံစေ့

Source: hindustantimes.com

ဗာဒံစေ့မှာပါဝင်တဲ့ မက်ဂနီစီယမ်ဓာတ်ဟာ သွေးကြောတွေကို ပြေလျော့စေခြင်းအားဖြင့် ခေါင်းကိုက်ခြင်းမှ ကင်းဝေစေတဲ့အပြင် ခေါင်းတစ်ခြမ်းကိုက်ပြီး မအီမသာဖြစ်ခြင်းကိုလည်းပျောက်ကင်းစေပါတယ်။ဒါကြောင့် ဗာဒံစေ့အပြင် ငှက်ပျောသီး၊ ဗိုစားပဲ၊ထောပတ်သီး၊ သီဟိုဠ်စေ့ ပါ ပြောင်းလဲစားသုံးပေးလို့ ရပါတယ်။

၅။ဒိန်ချဉ်

Source: Vintage Mixer

ခေါင်းတွေလေးလံကိုက်ခဲနေတဲ့အခါ ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်ကို အလိုရှိနေလို့ပါ။ ဦးနှောက်က ပုံမှန်လုပ်ဆောင်ပေးဖို့အတွက် ကယ်လ်စီယမ်ဓာတ်ကို မှီခိုရပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါမှာ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ ဒိန်ချဉ်ကို သကြားမပါပဲစားပါ။

၆။ဟင်းနုနွယ်ရွက်

Source: servingjoy.com

ဟင်းနုနွယ်ရွက်ဟာ သွေးဖိအားကို ကျဆင်းစေပြီး အရက်မူး၍ မအီမသာဖြစ်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ခေါင်းကိုက်ခြင်းကိုလည်း ပျောက်ကင်းစေ ပါတယ်။ နောက်တစ်ခါ ခေါင်းကိုက်လာပြီဆိုရင် ဆေးတွေမေ့ထားပြီး ဖော်ပြထားတဲ့ သဘာဝအစားအစာတွေကို သတိရစားသုံးလိုက်ပါ။