ဆယ်ကျော်သက် အများစုနဲ့ စာမေးပွဲ ဖြေဖို့ လူအများစုဟာ စာမေးပွဲ ကာလတွေနဲ့ စာမေးပွဲနား စာလေ့လာတဲ့ အချိန်တွေမှာ မျက်စိကျယ်စေဖို့ နိုးကြွနေစေဖို့ ဆိုပြီး စားတတ် သောက်တတ်တဲ့ အစားအစာလေးတွေ ရှိပါတယ်။

ဥပမာ ကျွဲရိုင်းသောက်တာ၊ ကော်ဖီသောက်တာ၊ လက်ဖက်စားတာ..အစရှိသဖြင့်ပေါ့။ တချို့အစားအစာတွေဟာလူကို နိုးနေစေပေမယ့် ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အခါ နောက်ရက်တွေမှာ မအီမလည်နဲ့ ခံစားရတတ်ပါတယ်။ ဒါတွေကို ရှောင်ပြီး ဘယ်လို အစားအစာတွေကို အစားထိုး စားရမလဲ ဆိုတာ မျှဝေပေးပါ့မယ်။

၁။ ကော်ဖီသောက်ခြင်း
လူအများစုဟာ ညဘက် မျက်စိကျယ်စေဖို့ ကော်ဖီသောက်လေ့ ရှိပါတယ်။ တခါတလေ ၂ခွက်လောက်ကို သောက်ကြပါတယ်။ ကော်ဖီမှာ တက်ကြွစတဲ့ ကဖင်းဓာတ် အများအပြား ပါဝင်ပါတယ်။ ဘာကြောင့် ကျန်းမာရေးနဲ့ မညီညွှတ်လဲဆိုတာကတော့ ကဖင်းဓာတ် အများအပြား ပါဝင်တဲ့ အတွက် နှလုံးခုန်နှုန်း မမှန်ခြင်း၊ အက်ဆစ်ဓာတ်တွေကို ပြန်စီးဆင်းစေခြင်းတို့ကြောင့် ကတုန်ကယင် ဖြစ်စေပါတယ်။

မျက်စိကြောင်ပြီး ကိုယ်အိပ်ချင်တဲ့ အချိန်မှာတောင် မအိပ်ပျော်တဲ့ အတွက် နောက်နေ့တွေမှာ ဦးနှောက်က လန်းဆန်းနေမှာ မဟုတ်ပါဘူး။ ကိုယ်ထဲက ရေဓာတ်လည်း ခန်းခြောက်စေတဲ့ အတွက် ခေါင်းကိုက်တာတို့ မအီမသာ ဖြစ်တာတို့ပါ ခံစားရတတ်ပါတယ်။ သူ့အစား ဘာကို သောက်ရမလဲဆိုတော့ “ရေသောက်ပါ” ။ တကယ်လို့ ကော်ဖီ ၂ခွက်သောက်လိုက်မိပြီဆိုလည်း ရေများများ ထပ်သောက်ပေးပါ။

လူအများစုဟာ ဒီနည်းကို မယုံကြပါဘူး ဒါပေမယ့် ရေသောက်ခြင်းဟာ တကယ်ကို လန်းဆန်းနေစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်ဟာ ရေဓာတ် ၈၀% ပါဝင်ဖွဲ့စည်းထားတဲ့ အတွက် သူ့ရဲ့အလုပ်လုပ်ပုံကို ရေသောက်ခြင်းဟာ ကောင်းကောင်း အကူအညီပေးပါတယ်။ နောက်နေ့တွေမှာလည်း ခေါင်းကိုက်တာတို့ မအီမသာ ဖြစ်တာတို့ကိုလည်း ခံစားရမှာ မဟုတ်ပါဘူး။

၂။ Energy Drinks (ခွန်အားဖြည့်အချိုရည်)

တချို့ကတော့ Energy Drinks တွေကို သောက်တတ်ကြပါတယ်။ ဟုတ်ပါတယ် သူတို့ဟာ သင့်မျက်လုံးကို ပြူးပြီး ကြောင်တောင်တောင် ဖြစ်အောင် လုပ်နိုင်စွမ်း ရှိပါတယ်။ ဘာကြောင့် မသောက်သင့်လဲဆိုရင် သူ့မှာ ကဖင်းဓာတ်နဲ့ သကြားဓာတ်တွေ အများကြီး ပါဝင်တာကြောင့်ပါ။ အဲ့ဒါတွေကြောင့်ပဲ ထိတ်လန့်ချောက်ချားမှုတွေ ပေးပါတယ်။ နှလုံးခုန်နှုန်း မြန်လာပါတယ်။ သွေးတိုးလာပါလိမ့်မယ်။ လေ ပြဿနာ တက်လာပါမယ်။

နှလုံးရောဂါ အခံရှိသူတွေဆို သောက်ကို မသောက်သင့်ပါဘူး။ သူ့အစား လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေကို သောက်ပါ။ အုန်းရည် ဒါမှမဟုတ် lemonade ကို သောက်ပါ။ ဒါတွေဟာ ခန္ဓ္ဓ္ဓာကိုယ်ရဲ့ သကြားဓာတ်ကို မျှတအောင် လုပ်ပေးတဲ့ အတွက် ဆိုးကျိုး မရှိတဲ့ အပြင် သင့်ကိုလည်း လန်းဆန်းနေစေပါတယ်။

၃။ အစားတွေကို အများကြီး မစားခြင်း

အစားအစာတွေကို အများကြီး စားလိုက်ရင် အိပ်ချင်လာပါလိမ့်မယ်။ ဒါကြောင့် ညစာတွေကို မစားတာတွေ လုပ်ကြပါတယ်။ ဒါက ဘာမကောင်းဘူးလဲ ဆိုရင် ဖိအားတွေ ပိုများစေပါတယ်။ စာမေးပွဲဆိုတဲ့ အသိဟာ စိတ်ရော လူကိုပါ ဖိအားများရဲ့ အောက်ကို ရောက်နေစေတာပါ။ ဒါကြောင့် အစာ မစားဘဲ နေမယ်ဆိုရင် ဦးနှောက်က ကောင်းကောင်း အလုပ် လုပ်နိုင်မှာ မဟုတ်ပါဘူး။

မင်းရဲ့ ကိုယ်နဲ့ ဦးနှောက်ကို ဆီဖြည့်ဖို့ လိုပါတယ်။ လုံး၀ မစားတာ မလုပ်ဘဲ နည်းနည်း စားပါ။ ဒါမှမဟုတ် ၂-၃ နာရီကြား နည်းနည်းစီ စားပါ။ ငါး၊ အစေ့အဆန်၊ ပန်းသီး၊ ငှက်ပျောသီး၊ ဘယ်ရီသီး၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီပွင့်တွေကို စားနိုင်ပါတယ်။

၄။ ချောကလက် စားခြင်း
စာကြည့်ပြီ ဆိုတာနဲ့ ချောကလက်တွေ ကွတ်ကီးတွေက စားပွဲပေါ် ရောက်နေတတ်ပါပြီ။ မျက်စိကျယ်စေပြီး စာကြည့်နေရင်း တစ်ဖက် စားနိုင်တယ်လေ ဒါက သိပ်တော့ ကောင်းတဲ့ အကျင့်မဟုတ်ပါဘူး။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုအတွက် သကြားပမာဏ နည်းနည်းပဲ လိုအပ်တာပါ။

ဒါကြောင့် ချောကလက်စားခြင်းဟာ လိုအပ်တာထက် သကြားဓာတ် ပိုရစေပြီး မအီမသာ ဖြစ်ခြင်းကို ခံစားစေမှာပါ။ ဒါဆို ဘာစားရမလဲ? အစေ့အဆန်လေးတွေ စားပေးပါ။ သူတို့မှာ အိုမီဂါ ၃ အဆီ ပါတဲ့ အတွက် Energy ကို ပေးသလို ဦးနှောက်ကိုလည်း လန်းဆန်းစေပါတယ်။

ဖြေဆိုတိုင်း ဖြေဆိုတိုင်း အောင်မြင်ကြပါစေ။

Credit: Indiatime