ဟင်းသီးဟင်းရွက်များကို Salad ပုံစံမျိုး သုပ်စားခြင်းက ခေတ်စားလာတာနဲ့အမျှ အစားအစာတိုင်းကို အစိမ်းစားလို့ရပါ့မလားဆိုတဲ့ နောက်ဆက်တွဲမေးခွန်းတစ်ခုပေါ် လာပါတယ်။ အစိမ်းစားလို့ရတဲ့ အစားအစာတွေလည်း ရှိသလို ချက်ပြုတ်စားသောက်မှ ဘေးအန္တရာယ်ကင်းတဲ့ အစားအသောက်အချို့လည်း ရှိပါတယ်။

အစိမ်းစားလိုက်မိလို့ ကျန်းမာရေးပြဿနာတစ်ခုကို ချက်ချင်းကြုံတွေ့ရတာမျိုးမဟုတ်ဘဲ လေး၊ ငါးရက်ခန့် ရက်အတော်ကြာမှ နေထိုင်မကောင်းခြင်းကို ခံစားရတတ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးချင်တာကတော့ မဖြစ်မနေ ချက်ပြုတ်စားသောက်သင့်တဲ့ အစားအစာတွေအကြောင်းပဲဖြစ်ပါတယ်။

နွားနို့

နွားနို့ဖြစ်ဖြစ်၊ ဆိတ်နို့ဖြစ်ဖြစ် လတ်လတ်ဆတ်ဆတ်သောက်ချင်တယ်ဆိုရင်တောင် ကျိုချက်ပြီးမှ သောက်သုံးသင့်ပါတယ်။ မကျိုချက်ဘဲ ညှစ်ထားပြီးသားကို သောက်မယ်ဆိုရင် ထိုနို့ထဲမှာ သင့်ကို နေထိုင်မကောင်းဖြစ်စေမယ့် ဘက်တီးရီးယားများက သင့် အသက်အန္တရာယ်ကိုတောင် ဒုက္ခပေးမှာပဲဖြစ်ပါတယ်။

ကိုက်လန်

အစိမ်းရောင် ဆလပ်ရွက်နဲ့ ကျန်းမာရေး

ကိုက်လန်က ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး ဟင်းသီးဟင်းရွက်တစ်မျိုးလို့တောင် တင်စားခေါ်ခေါ်ကြပါတယ်။ ဒါပေမဲ့ ကိုက်လန်အစိမ်းကို အများအပြားစားသုံးမယ်ဆိုရင် ဟော်မုန်းဓာတ် မညီမျှတော့ဘဲ သွေးတွင်းသကြားဓာတ်ကို ကမောက်ကမာဖြစ်စေခြင်း၊ ကိုယ်အလေးချိန် မမှန်ခြင်းအပြင် ဇီဝကမ္မဖြစ်စဉ်ကိုလည်း ထိခိုက်စေပါတယ်။ သိုင်းရွိုက်အကျိတ်ဖြစ်ပေါ်ခြင်းနဲ့ လည်ပင်းကြီးရောဂါကိုလည်း ခံစားရနိုင်ချေရှိပါတယ်။

ကြက်ဥ

ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာတော့ ကြက်ဥအစိမ်းစားခြင်းက ခေတ်စားပါတယ်။ ဒါပေမဲ့ ကြက်ဥကို ကြော်/ချက် စားခြင်းက အာဟာရဓာတ်ပိုမိုရရှိနိုင်ပြီး ဘေးဥပါဒ်လည်း ကင်းပါတယ်။ ကြက်ဥအစိမ်းထဲမှာတော့ သင့် မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားများ ပါဝင်နေလို့ပဲဖြစ်ပါတယ်။

တူနာငါး

Tuna

ဆူရှီစားသုံးတဲ့အခါ တူနာငါးကို အစိမ်းလိုက် စားကြပါတယ်။ ဒါပေမဲ့ မချက်ပြုတ်ထားတဲ့ တူနာငါး အစိမ်းမှာ နှလုံးသွေးကြောနဲ့ ပင်မအာရုံကြောစနစ်ကို ထိခိုက်စေနိုင်တဲ့ ပြဒါးဓာတ်ပါဝင်မှု မြင့်မားနေပါတယ်။ တူနာငါးတစ်ခုတည်းမဟုတ်ပါဘူး။ အခြားအသားစိမ်း ငါးစိမ်းတွေကိုလည်း ကျက်အောင် ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါတယ်။ ဒါမှ ထိုအသားစိမ်း ငါးစိမ်းထဲမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများ သေကုန်မှာပဲဖြစ်ပါတယ်။

ပဲပင်ပေါက်

အချို့က ပဲပင်ပေါက်ကို ရေနွေးနဲ့တောင် မဖျောတော့ဘဲ အစိမ်းလိုက် စားကြပါတယ်။ ပဲပင်ပေါက်မှာ အာဟာရဓာတ်ကြွယ်ဝတယ်ဆိုပေမယ့်လည်း အစိမ်း စားတဲ့အခါ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်း၊ အော့အန်ခြင်းနဲ့ အစာအဆိပ်သင့်ခြင်းတို့ကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ စားပြီးပြီးခြင်း ၁ ရက်ကနေ ၈ ရက်အတွင်း ထိုကျန်းမာရေးပြဿနာတွေကို ခံစားရတတ်ပါတယ်။

ခရမ်းချဉ်သီး

Cornell တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ခရမ်းချဉ်သီးကို ချက်ပြုတ်စားသောက်ခြင်းက အစိမ်းစားတာထက် Antioxidant တွေ ပိုမိုမြင့်တက်လာတာကြောင့် ကျန်းမာရေးအတွက် ပိုကောင်းမွန်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါ့အပြင် ဓာတုပိုးသတ်ဆေး အသုံးပြုမှုအများဆုံး အစားအစာ (၁၀) မျိုးထဲမှာ ခရမ်းချဉ်သီးကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါ့ကြောင့် ရေ သေချာဆေးပြီးတော့မှ စားသုံးသင့်ပါတယ်။ မမှည့်သေးတဲ့ ခရမ်းချဉ်သီးများ၊ ခရမ်းချဉ်သီးအရွက်နဲ့ ခရမ်းချဉ်သီး ပင်စည်တို့က အစာအဆိပ်သင့်စေတဲ့အတွက်ကြောင့် လုံးဝမစားသုံးသင့်ပါဘူး။

Source: Brightside.me