အားလုံးပဲမင်္ဂလာပါနော်။ သစ်သီးရေခဲချောင်းကို ကြိုက်ကြမယ်လို့ ယုံကြည်ပါတယ် သစ်သီးရေခဲချောင်းကြိုက်တဲ့သူတွေအတွက် သစ်သီးရေခဲချောင်းပြုလုပ်နည်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ပြုလုပ်နည်းကို အခုပဲကြည့်လိုက်ရအောင်နော်။

လိမ္မော်သီး ပန်းသီး စပျစ်သီး ရေခဲချောင်း

  • ပန်းသီး ၁ လုံး အတုံးလေးလှီးပါ
  • ဝိုင်နီ ၂ ခွက် (၄၈၀ မီလီလီတာ)
  • လိမ္မော်ရည် ၁ ခွက် ( ၂၄၀ မီလီလီတာ)
  • စပျစ်သီး ၂၄ လုံး
  • ရေခဲချောင်းလုပ်တဲ့ ပုံစံခွက် နဲ့ ရေခဲချောင်းလုပ်တဲ့ တုတ်ချောင်း

ပြုလုပ်နည်း

Blender ထဲကို ပန်းသီး၊ ဝိုင်၊ လိမ္မော်ရည် စတဲ့ ပါဝင်ပစ္စည်းတွေ ထည့်လိုက်ပါ။

စပျစ်သီးကို အလယ်ကခြမ်းလိုက်ပြီး အပေါ်ကနေ ထည့်လိုက်ပါ။ ပြီးရင် တုပ်လေးထည့်လိုက်ပြီး ရေခဲချောင်းလုပ်တဲ့ ပုံစံခွက်ထဲထည့်ပါ။

အဲဒီနောက် ရေခဲသေတ္တာထဲ ၄ နာရီလောက် (သို့) တစ်ညလောက်ထားလိုက်ပါ။

စတော်ဘယ်ရီ ကီဝီသီးရေခဲချောင်း

ပါဝင်ပစ္စည်း

  • စတော်ဘယ်ရီသီး ၁ ခွက်
  • ကီဝီသီးကို ခပ်းပါးပါးလှီးပါ (၁) ခွက်
  • ဝိုင်ဖြူ ၂ ခွက် (၄၈၀ မီလီလီတာ)
  • သံပယိုရည် ၁ ခွက်
  • ရေခဲချောင်းလုပ်တဲ့ ပုံစံခွက် နဲ့ ရေခဲချောင်းလုပ်တဲ့ တုတ်ချောင်း

ပြုလုပ်နည်း

Blender ထဲကို စတော်ဘယ်ရီ၊ ကီဝီသီး၊ ဝိုင်၊ သံပယိုရည် တို့ထည့်ပြီး သေချာကျိတ်ပေးလိုက်ပါ။

ပြီးရင်တော့ ပုံစံခွက်ထဲထည့်လိုက်ပါ။ အပေါ်ကနေ တုတ်လေး ထိုးပေးလိုက်ပြီး ရေခဲသေတ္တာထဲ ထည့်ကာ ခဲပေးလိုက်ပါ။

Source: www.tasty.com

By: MyFood Myanmar