လူတိုင်းကတော့ ဝိတ်ချမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပြီဆိုရင် သူတို့ရဲ့  Menu ထဲကို အဓိကရောက်လာတာက အသီးအနှံတွေပါ။ အသီးအနှံတွေစား၊ အသီးဖျော်ရည်သောက် စသည်ဖြင့် အသီးအနှံ Menu နဲ့ သကြားကို မစားမိအောင်နေတတ်ကြပါတယ်။ ဒါပေမယ့် တချို့ ကျတော့ Diet လုပ်နေပေမယ့်လည်း သကြားဓာတ်တွေက များပြားဆဲဖြစ်ပြီး ကိုယ်အလေးချိန်တိုးလာတတ်ပါတယ်။ ဒီတော့ ဘယ်လိုမျိုးပြုလုပ်ထားတဲ့အသီးအနှံတွေက သကြားဓာတ်တွေများနေလဲဆိုတာ ကြည့်ကြရအောင်။

2

သကြားဓာတ်ကို ခွဲခြားတဲ့နေရာမှာ Added Sugar နဲ့ Natural Sugar ဆိုပြီးခွဲပါတယ်။ Natural Sugar ဆိုတာကတော့ အသီးအနှံတွေ (အထူးသဖြင့် အမျှင်ဓာတ်ပါဝင်တဲ့အသီးအနှံ)မှာ ပါဝင်တဲ့သဘာဝအတိုင်းပါဝင်တဲ့ သကြားဓာတ်ပါ။ Added Sugar ကတော့ အားလုံးသိကြပြီးသားပါပဲ။ ပြင်ပကနေ ပြုပြင်ထားတဲ့အချိုဓာတ်ကို အစားအသောက်တွေကနေ ရလာတာမျိုးပါ။ WHO ရဲ့  စံနှုန်းအရဆိုရင် လူတယောက်အတွက် Added Sugar ပမာဏက လက်ဖက်ရည်ဇွန်း ၆ဇွန်း ၁၂ဇွန်းအထိပဲ အများဆုံး စားသုံးသင့်ပါတယ်တဲ့။

3

သတိထားစရာ နောက်တခုကတော့ စားပွဲတင်ဇွန်း ၁ဇွန်း ပမာဏရှိတဲ့ ခရမ်းချဉ်သီး Sauce မှာ Added Sugar 4g (လက်ဖက်ရည်ဇွန်း ၁ဇွန်း ပမာဏ) ပါဝင်ပါတယ်တဲ့။ ဒါဆိုနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေအားလုံးမှာဆိုရင်တော့ Added Sugar ၁၂ဇွန်းတော့ မကတာ အမှန်ပါပဲ။

4

ဒီလိုဆို အသီးအနှံတွေ စားနေတာကရော ? သကြားဓာတ်ကတော့ ရနေမှာပါ။ များပြားတဲ့ပမာဏကို ရမှာ အမှန်ပါပဲ။ သို့ပေမယ့် ဒါတွေက Natural Sugar တွေပါ။ တွေ့ရှိချက်တွေအရတော့ အသီးအနှံတွေစားခြင်းက သင့်ကို မဝစေဘူးဆိုတာ သေချာပါတယ်။ ပုံမှန်စားသုံးသွားမယ်ဆိုရင် အဝလွန်ခြင်းကို ၁၀ရာခိုင်နှုန်း လျော့စေနိုင်ပါတယ်။ ဒါပေမယ့် အသီးတွေကို ဖျော်ရည်အဖြစ်နဲ့ သောက်တာကတော့ မတူပါဘူး။ ပြုပြင်ထားတဲ့ အသီးဖျော်ရည်တွေ၊ Soft Drinks တွေနဲ့ ချောကလက်၊ အာလူးကြော်စတဲ့ အသီးအနှံကို ပြုပြင်ထားတာတွေကို စားရင်တော့ အဝလွန်ခြင်း ဖြစ်နိုင်ချေက ၁၂ရာခိုင်နှုန်းအထိတက်လာမှာပါ။

5

6

ကိုယ်အလေးချိန်ကို တကယ်လျှော့ချချင်တယ်ဆိုရင်တော့ အမျှင်ဓာတ်ပါဝင်ပြီး ပိုတက်စီယမ်နဲ့ ဗီတာမင်တွေပါဝင်ပြီး သကြားပမာဏပါဝင်နှုန်းမြင့်မားနေရင်လည်းစားသုံးသင့်တဲ့ ပန်းသီး၊ သစ်တော်သီး၊ မုန်လာဥနီ စတာတွေက အကောင်းဆုံးပါပဲ။ နွားနို့နဲ့ ဆိတ်နို့ကိုလည်း သောက်သုံးနိုင်ပါတယ်။ အသီးအနှံဖြစ်ပေမယ့်လည်း ထပ်ဆင့်ပြုပြင်ထားရင်တော့ လုံးဝကို မစားသုံးသင့်ပါဘူး။