နွားနို့ပူပူထဲ ကြက်သွန်ဖြူထည့်ပြီး သောက်ကြည့်ဖူးပါသလား ? အနည်းငယ် ထူးဆန်းမယ်လို့ ထင်ပေမယ့် ဒီနည်းဟာ ရောဂါဘယတွေ ကင်းဝေဖို့ ရှေးနှစ်ပေါင်းများစွာက ကျင့်သုံးခဲ့တဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ပရိုတင်းဓာတ် ပြည့်ဝတဲ့ နွားနို့နဲ့ ရောဂါတွေကို တွန်းလှန်နိုင်တဲ့ ကြက်သွန်ဖြူတို့ တွေ့တဲ့ အခါ အဆုတ်ရောင်၊ ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ အသားဝါ၊ အဆစ်ရောင်၊ ချောင်းဆိုးနဲ့ တီဘီရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ညဘက် အိပ်မပျော်တဲ့အခါ နွားနို့ ပူပူကို ကြက်သွန်ဖြူလေးနဲ့ သောက်ပေးရင် ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

ကြက်သွန်ဖြူဟာ ရောဂါပိုးတွေကို သေစေနိုင်ပြီး အစာခြေစနစ်ကို မြင့်တင်ပေးတဲ့ အတွက် အစာခြေဖျက်အားကို ကောင်းမွန်စေပါတယ်။
အစာအိမ်နဲ့ အူမကြီးအတွက်တော့ ကောင်းမွန်တဲ့ ဓာတ်စာ တစ်မျိုးပါ။ ဒါ့အပြင် ကလေးလိုချင်တဲ့ အိမ်ထောင်ရှင်တွေ အနေနဲ့ အမျိုးသားရော အမျိုးသမီးပါ သောက်ပေးသင့်ပါတယ်။

မျိုးပွားကျန်းမာရေးကို အထောက်အကူ ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ နွားနို့ကို တစ်ပတ်ကျော်ကျော် ဆက်တိုက်သောက်ပေးမယ်ဆိုရင် ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ မကောင်းတဲ့ အဆီတွေကို ချပေးနိုင်ပြီး ကိုယ်အလေးချိန် ကျသွားစေနိုင်ပါတယ်။

garlic-milk

ကြက်သွန်ဖြူနွားနို့ ပြုလုပ်ရာမှာ အဓိက လိုအပ်တာတွေကတော့
နွားနို့
ကြက်သွန်ဖြူ ၁၀မွှာ
ရေ
သကြား – ၂ဇွန်း

ကြက်သွန်ဖြူတွေကို နုတ်နုတ်စင်းထားပါ။ ကျိုမယ့် ဒယ်အိုးထဲကို ရေနဲ့ရောစပ်ပြီးသား နွားနို့ အရင်ထည့်ပါ။ ကြက်သွန်ဖြူတွေကို ထည့်ပါ။ တစ်ဝက်လောက် ကျသွားတဲ့ အထိ ကျိုပေးပါ။
ပျစ်လာတဲ့အချိန်မှာတော့ မီးပိတ်ပြီး ခဏ အအေးခံပြီး သောက်လို့ ရပါပြီ။