ရွှေအိုရောင်နွားနို့လို့ တင်စားခေါ်ဝေါ်ကြတဲ့ နနွင်းမှုန့် နွားနို့ကို သောက်သုံးဖူးပါသလား။ ရှေးလူကြီးများကတော့ နနွင်းမှုန့်နွားနို့ကို အသားအရေနဲ့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး သောက်သုံးလေ့ရှိကြပါတယ်။ စာဖတ်သူအနေနဲ့ နနွင်းမှုန့်နွားနို့ကို မှန်မှန်သောက်သုံးနေသူ တစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။

အဆစ်အမြစ်များ ရောင်ရမ်းခြင်းနှင့် နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာစေခြင်း

အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်းအတွက် နနွင်းမှုန့်က ထိရောက်မှုအရှိဆုံး ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ လေးဖက်နာရှိသူများ၊ အရွတ်များ နာကျင်ကိုက်ခဲတတ်သူများအတွက် နနွင်းမှုန့်က အထူးကောင်းမွန်ပြီး နွားနို့ကတော့ အရိုးအဆစ်များကို သန်မာစေပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

သင့်အနေနဲ့ အစားမှားပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း (သို့) ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း (သို့) ဝမ်းဗိုက်က ဖောရောင်နေခြင်းနဲ့ အခြားသော အူလမ်းကြောင်းရောဂါများ၊ အစာအိမ်နာရှိသူများအတွက် နနွင်းမှုန့် နွားနို့က ပျောက်ကင်းသက်သာအောင် ကူညီပေးနိုင်ပါတယ်။

ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း

Source: Paleovalley.com

နနွင်းမှုန့်ထဲမှာ ပါဝင်တဲ့ Curcumin က ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးပြီး ကင်ဆာဆဲလ်များ ပျံ့နှံ့သွားပြီး DNA ကို ပျက်ယွင်းသွားခြင်းမှ ကာကွယ်ပေးပါတယ်။ ကင်ဆာရောဂါက ရောဂါမကျွမ်းခင်မှာ ကုသပါက သက်သာပျောက်ကင်းနိုင်ပြီး နနွင်းမှုန့် နွားနို့ကတော့ ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို ရပ်တန့်စေပါတယ်။

ကိုယ်အလေးချိန် လျော့ချစေခြင်း

ဂျင်းနဲ့ ကိုယ်အလေးချိန် လျော့ချရအောင်

နနွင်းမှုန့်ထဲမှာ အမျှင်ဓာတ်များ ပါဝင်ပြီး နနွင်းမှုန့်ကို နွားနို့နဲ့ ရောနှောလိုက်ပါက ခန္ဓာကိုယ်ထဲရှိ အဆီပိုများကို လောင်ကျွမ်းစေပါတယ်။

အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နနွင်းမှုန့် နွားနို့ကို ယခုလို ဖျော်သောက်နိုင်ပါတယ်။

အရင်ဦးဆုံး နွားနို့ ပန်းကန်လုံးတစ်လုံးစာကို ဆူပွက်လာအောင် ကျိုလိုက်ပါ။ ထို့နောက် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာခန့်ထည့်ကာ သမအောင် ဖျော်လိုက်ပါ။ သင့်ရဲ့အကြိုက်ပေါ် မူတည်ပြီး သကြားထပ်ထည့်ချင်လည်း ထပ်ထည့်နိုင်သလို သစ်သီးခြောက်အချို့ ထည့်၍လည်း သောက်သုံးနိုင်ပါတယ်။

Source: Femina.in