ဂေါ်ဖီထုပ်ကို ကြော်စားကြတာများပါတယ်။ အသုပ်တွေထဲလည်း ထည့်သုပ်ပြီး စားကြသလို ဟင်းချိုချက်သောက်တာမျိုးလည်း များများလုပ်ပေးပါ။ ဒီတိုင်း ဂေါ်ဖီထုပ်ကို တို့စရာအဖြစ်နဲ့လည်း စားပေးပါ။ ဘာကြောင့်လဲဆိုရင်တော့ ဂေါ်ဖီထုပ်ကို စားပေးခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေက အများကြီးရှိလို့ပါ။ ဒါဆိုရင် ဘယ်လိုကောင်းကျိုးတွေရမလဲဆိုတာကို ကြည့်လိုက်ရအောင်။

နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေတယ်။

အစာခြေစနစ်ကို ပိုကောင်းလာအောင်လုပ်ပေးနိုင်တယ်။

ဖျားနာခြင်းတွေအလွယ်တကူမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့ချပေးတယ်။

အမြင်အာရုံပိုကောင်းလာစေဖို့ အထောက်အကူပြုတယ်။

ဝိတ်ကျစေဖို့လည်း အထောက်အကူပြုပါတယ်။

ဂေါ်ဖီထုပ်မှာက ဗီတာမင်စီပါဝင်လို့ ကိုယ်ခံအားပိုကောင်းလာစေဖို့လည်း အထောက်အကူပြုသလို အသားအရေကောင်းလာဖို့အတွက်လည်း အထောက်အကူပြုပါတယ်။
ဒါ့အပြင် အရေပြားကင်ဆာ ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါတယ်။

Source: www.stylecraze.com