စပျစ်သီးကို လွန်ခဲ့သောနှစ် ထောင်ပေါင်းများစွာကတည်းက စိုက်ပျိုး စားသုံးလာခဲ့ကြပြီး ဝိုင်ပြုလုပ်ဖို့အတွက်လည်း အသုံးပြုကြပါသေးတယ်။

စပျစ်သီး အမျိုးအစားတွေကတော့ ခရမ်းရောင်၊ အနီရောင၊ အမဲရောင်၊ အဝါရောင်နဲ့ ပန်းရောင်စပျစ်သီးတွေဆိုပြီး အမျိုးအစားအမျိုးမျိုးရှီပါတယ်။ သူတို့ကို အစေ့လွတ်လည်း စိုက်ပျိုးလို့ရသလို မူလအတိုင်း အစေ့ပါအောင်လည်း စိုက်ပျိုးပါတယ်။

အာဟာရဓာတ်နဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ စပျစ်သီးကို ပုံမှန်စားသုံးပေးခြင်းကြောင့် အခုဖော်ပြပေးမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ခံစားရရှိနိုင်ပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

စပျစ်သီး ၁၅၁ ဂရမ်ထဲမှာ ပိုတက်စီယမ်ဓာတ် ၂၈၈ မီလီဂရမ် ပါဝင်ပါတယ်။ သွေးပေါင်ချိန် ညီညွှတ်မျှတဖို့အတွက် ထိန်းညှိပေးတဲ့နေရာမှာ ပိုတက်စီယမ်ဓာတ်က အင်မတန်အရေးပါတာကြောင့် စပျစ်သီးကို မှန်မှန် စားသုံးပေးသင့်ပါတယ်။

ကိုလက်စတောပမာဏများကို လျော့ချပေးခြင်း

စပျစ်သီးထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းများက ခန္ဓာကိုယ်ထဲမှာ မြင့်မားနေတဲ့ ကိုလက်စတောပမာဏများကို လျော့ချပေးပါတယ်။ လေ့လာချက်တစ်ခုအရ ကိုလက်စတောပမာဏ မြင့်မားနေတဲ့ လူပေါင်း ၆၉ ယောက်ကို တစ်နေ့ကို အနီရောင် စပျစ်သီး ၅၀၀ ဂရမ်စီ စားသုံးခိုင်းစေပါတယ်။ (၈) ပတ်ကြာတဲ့အခါမှာတော့ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ LDL ကိုလက်စတောများ မရှိတော့တာကို တွေ့မြင်ရပါတယ်။

အမြင်အာရုံကောင်းမွန်စေခြင်း

စပျစ်သီးထဲမှာ ပါဝင်တဲ့ Resveratrol ၊ Lutein နဲ့ Zeazanthin လို့ခေါ်သော ဒြပ်ပေါင်းများက အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် အမြင်အာရုံဝေဝါးလာခြင်း၊ မျက်စိတိမ်ဖုံးခြင်း စတဲ့ အမြင်အာရုံနဲ့ သက်ဆိုင်တဲ့ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

မှတ်ဉာဏ်စွမ်းအား တိုးမြှင့်ခြင်း၊ အာရုံစူးစိုက်နိုင်စွမ်း မြှင့်မားခြင်းနှင့် စိတ်ခံစားချက်များ ကောင်းမွန်ခြင်း

သင့်ဦးနှောက်ကို ငယ်ရွယ်နုပျိုစေမယ့် နည်းလမ်းများ

လူငယ်အချို့ကို စပျစ်သီးဖျော်ရည် ၂၃၀ မီလီလီတာခန့် သောက်သုံးပြီး လေ့လာစမ်းသပ်လိုက်တဲ့အခါ မိနစ် ၂၀ ကြာပြီးနောက် မှတ်ဉာဏ်စွမ်းအားနှင့် စိတ်ခံစားချက်များ တိုးမြှင့်လာတာကို တွေ့မြင်ခဲ့ရတယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။

Source: Healthline.com