ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပျားရည်က ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တယ်လို့ လူသိများတာကြောင့် ရွှေရောင်အရည်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ စာဖတ်သူတို့ရော အိပ်ရာမဝင်ခင် ပျားရည် သောက်သုံးဖူးပါသလား။ အိပ်ခါနီး ပျားရည်သောက်လိုက်လို့ ဝလာမှာ စိုးရိမ်နေပါသလား။

အဲ့ဒါဆိုရင်တော့ ထိုစိုးရိမ်စိတ်ကို ဖျောက်ဖျက်ပစ်လိုက်ပါ။ အိပ်ရာဝင်ခါနီး ပျားရည်သောက်သုံးခြင်းက ဝိတ်မတက်စေတဲ့အပြင် အခုဖော်ပြပေးမယ့် ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ရရှိခံစားနိုင်ပါသေးတယ်။

ကိုယ်အလေးချိန်လျော့ချပေးခြင်း

Source: justforhearts.org

ပျားရည်ထဲမှာ သကြားဓာတ်ပါဝင်တာကြောင့် အိပ်ရာဝင်ခါနီးစားမယ်ဆိုရင် ဝိတ်တက်လိမ့်မယ်လို့ ယူဆကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ပျားရည်က ခန္ဓာကိုယ်အဆီတွေကို ချေဖျက်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကာ ကိုယ်အလေးချိန် တက်မလားအောင် ထိန်းညှိပေးပါတယ်။ အားကစားသမားများအနေနဲ့ နောက်တစ်နေ့ နိုးထာလာတဲ့အချိန်မှာ အားကစားကောင်းကောင်း ပြုလုပ်နိုင်ဖို့နဲ့ အစားအလွန်အကျွံ မစားမိဖို့အတွက် ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည်သောက်လေ့ရှိကြပါတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေခြင်း

Source: hotelhome.com.au

ညဘက်အိပ်ရာဝင်တိုင်း တော်တော်နဲ့ အိပ်မပျော်တဲ့ ဒုက္ခကို ကြုံတွေ့နေရတယ်ဆိုရင် ပျားရည်ကိုသာ သတိရလိုက်ပါ။ ပျားရည် အများကြီးမသောက်ချင်ဘူးဆိုရင်လည်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း သောက်သုံးပေးရုံနဲ့တင်လုံလောက်ပါတယ်။ ညစဉ်ရက်ဆက် အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကတော့ အဆစ်ရောင်ရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ စတဲ့ရောဂါများ အလိုလိုဝင်ရောက်နိုင်ပါတယ်။

အသည်းကျန်းမာရေးအတွက် အထောက်အကူပေးခြင်း

Source : harvestillinois.org

ညအချိန်အခါမှာ လူသားများက အိပ်စက်အနားယူနေပေမယ့် အသည်းကတော့ အားဖြည့်လောင်စာဓာတ်လိုအပ်ပါတယ်။ အသည်းကောင်းစွာ အလုပ်မလုပ်နိုင်ပါက သင့် ကျန်းမာရေးလည်း တဖြည်းဖြည်း ထိခိုက်လာပါလိမ့်မယ်။ ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း မှန်မှန်သောက်သုံးပေးပါက ဦးနှောက်နဲ့ အသည်း ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် လောင်စာဓာတ်ကို ရရှိမှာပဲဖြစ်ပါတယ်။

စွမ်းအင် ပြည့်ဝစေခြင်း

Source: Hydroxycut

နောက်တစ်နေ့ မနက်နိုးထလာတဲ့အခါ စွမ်းအင်အပြည့်နဲ့ နိုးထလာချင်ပါသလား။ ဒါဆိုရင် ပျားရည်ကို အိပ်ရာမဝင်ခင် သောက်သုံးပေးလိုက်ပါ။ အားကစားမပြုလုပ်ခင်နဲ့ ပြုလုပ်ပီးတဲ့နောက်မှာလည်း အားရှိနေအောင်လို့ ပျားရည် သောက်သုံးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ကိုယ်ခံစွမ်းအားလည်း မြင့်တင်ပေးတာကြောင့် မကြာခဏ ဖျားနာပြီး နေမကောင်းဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

မီးလောင်ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာနဲ့ ဆီပူလောင်ခြင်းတို့ကို ကုသပေးနိုင်တဲ့ အစွမ်းသတ္တိပိုင်ဆိုင်ထားခြင်း

Source: feelhealthylife.com

သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအနာတရ တစ်ခုခုရှိတဲ့အခါ ထိုအနာပေါ်သို့ ပျားရည်သုတ်လိမ်းပေးပြီးမှ အိပ်ရာဝင်ပါ။ မနက်နိုးလာတဲ့အခါ ဒဏ်ရာ သက်သာလာတာကို မျက်ဝါးထင်ထင်တွေ့မြင်ရပါလိမ့်မယ်။ အရေပြားပေါ်မှာရှိတဲ့ ပြည်တည်နာတွေကိုလည်း ကုသပေးနိုင်ပါသေးတယ်။