ကမ္ဘာတစ်ဝှမ်းမှာ လူကြီးလူငယ်မရွေးနှစ်နှစ်ခြိုက်ခြိုက်စားသုံးနေတဲ့ သစ်သီးတစ်မျိုးကတော့ သရက်သီးပဲဖြစ်ပါတယ်။ သရက်သီးအမှည့်ကိုတော့ အချိုပွဲအဖြစ် တည်ခင်းစားသုံးလေ့ရှိကြပြီး သရက်သီးအစိမ်းကိုတော့ ငံပြာရည် ငရုတ်သီးလေးနဲ့ ချဉ်ချဉ်စပ်စပ်တို့စားလေ့ရှိကြပါတယ်။

ဒီလိုမျိုး ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ လုပ်စားလေ့ရှိပေမယ့် သရက်သီးအစိမ်းက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးလေးတွေကိုတော့ လူ သိပ်မသိကြပါဘူး။

သရက်ပင်တွေကို အရှေ့တောင်အာရှနိုင်ငံတော်တော်များများကို အများအပြားတွေ့ရှိနိုင်ပါတယ်။ သရက်ပင်စိုက်ပျိုးဖို့ဆိုတာကလည်း ခက်ခဲလွန်းတဲ့အရာမဟုတ်ပါဘူး။ မြေကြီးပေါ်မှာ သရက်သီးအစေ့လေးကို ပျိုးလိုက်မယ်ဆိုရင်ပဲ နေရောင်ခြည်နဲ့ မြေသြဇာကောင်းကောင်းရသွားရင်တော့ သရက်ပင်က ကောင်းကောင်းရှင်သန်နိုင်မှာပဲဖြစ်ပါတယ်။

သရက်သီးအစိမ်းစားသုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုရော သင် သိချင်ပါသလား။

ဗီတာမင်စီဓာတ် ပေါကြွယ်ဝခြင်း

စတော်ဘယ်ရီသီး၊ ကီဝီသီးတွေလိုပဲ သရက်သီးမှာလည်းပဲ ဗီတာမင်စီဓာတ် များပြားစွာပါဝင်ပါတယ်။ ထိုဗီတာမင်စီက ကျန်းမာစွာနေထိုင်နိုင်အောင် ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေ မဝင်နိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

သွားဖုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

စောစောကဖော်ပြခဲ့တဲ့ ဗီတာမင်စီက သွားဖုံးကျန်းမာရေးအတွက်လည်း ကောင်းကျိုးမြောက်မြားစွာပေးစွမ်းနိုင်ပါတယ်။ သွားဖုံးကိုက်ခြင်း၊ သွားဖုံးနာကျင်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း စတဲ့ ဝေဒနာများကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးခြင်း

အသီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ကြောင့်ပဲ ခန္ဓာကိုယ်ရဲ့ ခုခံအားက မြင့်တက်လာမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခဏနေမကောင်းဖြစ်ခြင်း၊ ဖျားနာခြင်းတို့မှ ကင်းဝေးမှာပဲဖြစ်ပါတယ်။

ပျို့အန်ခြင်းကို သက်သာစေခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် သတင်းကောင်းလေးတစ်ခုကတော့ သရက်သီးအစိမ်းက မနက်ပိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပျို့အန်ခြင်းကို လျော့ချပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ သရက်သီးရဲ့အချဉ်ဓာတ်က မူးဝေအော့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။

ကိုယ်အလေးချိန်လျော့ချပေးခြင်း

ကိုယ်အလေးချိန်ကို လျော့ချဖို့ ဘာတွေ သောက်ရမလဲ

သရက်သီးအစိမ်းထဲမှာ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ သရက်သီးအစိမ်းမှာ သကြားဓာတ်ပါဝင်မှုလည်း နည်းပါးတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကို အဝလွန်စေတဲ့ အဆီဓာတ်တွေကို ရှောင်ကြဉ်ပြီးသားဖြစ်သွားမှာပဲဖြစ်ပါတယ်။

အသည်းအားကောင်းခြင်း

အသည်းထဲက သည်းခြေရည်အက်ဆစ်များကို တိုးမြှင့်ပေးခြင်းအားဖြင့် အသည်းကို ထိန်းသိမ်းစောင့်ရှောက်ပေးထားနိုင်တဲ့ သရက်သီးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အသည်းစနစ်ကို အားကောင်းလာအောင် လှုံ့ဆော်ပေးမှာပဲဖြစ်ပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးခြင်း

သရက်သီးထဲမှာ သွေးပေါင်ချိန် မှန်ကန်နေဖို့ရန်အတွက် ထိန်းညှိပေးတဲ့ ပိုတက်စီယမ်ဓာတ် ပါဝင်ပါတယ်။ ထိုပိုတက်စီယမ်က သွေးကြောကျုံ့ခြင်း ပွခြင်းတို့ ထိန်းညှိပေးတဲ့အတွက်ကြောင့် သွေးပေါင်ချိန်မှန်ကန်စေတာပဲဖြစ်ပါတယ်။

Source: drhealthbenefits.com