စပါးလင်လို့ ပြောလိုက်တာနဲ့ မုန့်ဟင်းခါးကို သတိရမိကြပါတယ်။ စပါးလင်ကို အဓိက ဟင်းခတ်အမွှေးအကြိုင် အနေနဲ့ သုံးကြပါတယ်။ စပါးလင်မှာ နှစ်မျိုးရှိပြီး မြက်ပင် အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ စပါးလင်ကို အခုအခါ ဆေးဝါးအဖြစ်နဲ့လည်း ထုတ်လုပ်နေတာတွေ တွေ့လာရပါတယ်။

Lemongrass

စပါးလင်ရဲ့ မူလဇာစ်မြစ်ကတော့ အိန္ဒိယလို့ ဆိုရမှာ ဖြစ်ပြီး အခုအခါမှာတော့ အာရှတိုက်အနှံ့အပြားမှာ တွေ့နေရပါပြီ။

စပါးလင်ရဲ့ ပင်စည်ကို ဟင်းချို၊ အသားဟင်းတွေမှာ မွှေးကြိုင်စေဖို့ ထည့်ဝင်တဲ့ အစားအစာ အဖြစ် အသုံးပြုပေမယ့် အနောက်နိုင်ငံတွေမှာတော့ လက်ဖက်ရည်နဲ့ တွဲသောက်လေ့ ရှိသလို ဖျော်ရည်တောင် လုပ်သောက်ကြပါတယ်။ စပါးရဲ့ မွှေးကြိုင်တဲ့ အနံ့ဟာ လူတွေကို အစာ စားချင်စိတ် ဖြစ်စေဖို့ ကူညီပေးပါတယ်။

စပါးလင်မှာ စီထရစ်ဓာတ် ပါဝင်မှု များပြီး ဗီတာမင်အေလည်း ပေါများစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် စီ၊ ဖော့လိစ်အက်ဆစ်၊ မက်ကနီဆီယမ်၊ ဇင့်၊ ကော့ပါး၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့ဖရိပ်၊ ကယ်လ်ဆီယမ်၊ မက်ကနိနဲ့ ဗီတာမင် ဘီတို့လည်း ပါဝင်ပါတယ်။

စပါးလင်မှာ ရှိတဲ့ မွှေးပျံ့တဲ့ ရနံ့ကြောင့် အဆီထုတ်ပြီး ဆပ်ပြာ၊ ရေမွှေးတု့ိပါ ထုတ်ကြပါတယ်။ စပါးလင်ရဲ့အဆီဟာ သွေးကို လည်ပတ်စေပြီး လေကြေစေပါတယ်။

စပါးလင်အဆီကို ခေါင်းကိုက်ခြင်း၊ အစာအိမ်နာခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်း၊ အကြောတက်ခြင်းတို့မှာ အနံ့ရူပေးရင် ဖြစ်ဖြစ် ခပ်ပါးပါး လိမ်းပေးရင်ဖြစ်ဖြစ် သက်သာစေပါတယ်။

စပါးလင်ဟာ အစာအိမ်နဲ့ အူအတွက် အလုပ်လုပ်ပေးတဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းလိုလို ဖြစ်တတ်တဲ့ ဝမ်းနာခြင်း၊ ဝမ်းပွခြင်းနဲ့ လေပွခြင်းတို့ကို မဖြစ်အောင် တားဆီးပေးပါတယ်။ စပါးလင်ဟာ ဆီးရောဂါကို သက်သာစေပြီး ရာသီ ဥတုကြောင့် ဖြစ်တဲ့ နှာစေးချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။

ဟင်းလျာတွေမှာ ထည့်သွင်းအသုံးပြုတဲ့ စပလင်ကို ဆေးအဖြစ် အသုံးပြုမယ်

ဆီးလမ်းကြောင်းအတွက်တော့ စပါးလင်ကို တစ်နေ့နှစ်ကြိမ်လောက် သောက်ပေးရုံနဲ့ ပျောက်ကင်းစေနိုင်ပါတယ်။

သွေးထဲက ကိုလက်စထရောကို ထိန်းပေးပြီး အဆိပ်အတောက်တွေ မဖြစ်စေဖို့ တားဆီးပေးပါတယ်။ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီး ကျန်းမာစေတဲ့ ဆဲလ်တွေကိုတော့ မပျက်ဆီးစေပါဘူး။