နွားနို့ကို ဘယ်လို လူတွေ သောက်သင့်သလဲလို့ မေးရင် လူတိုင်း သောက်သင့်တယ်လို့ ဖြေကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ နွားနို့သောက်ခြင်းရဲ့ အကျိုးဆက်တွေဟာ ကောင်းကျိုးတွေ များပြီး မကောင်းတဲ့ အချက်တွေလဲ ရှိပါတယ်။

milkdrink

နွားနို့မှာ အဓိက ပါဝင်တဲ့ ဓာတ်တစ်မျိုးဟာ ကယ်လ်ဆီယမ်ပါ။ ဒါ့အပြင် ဗီတာမင်ဓာတ်ပေါင်းစုတွေနဲ့ အာဟာရဖြစ်စေမယ့် အခြား ဓာတ်ပေါင်းစုတွေ အများကြီး ပါဝင်နေပါသေးတယ်။ အကျိုးများတဲ့ နွားနို့ကို စနစ်တကျ မသောက်ရင်တော့ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ မနက်ခင်း ဗိုက်ထဲ အစာမရှိခင် နွားနို့သောက်တာမျိုးတွေဟာ စနစ်မကျပါဘူး။ မနက်ခင်းတွေမှာ နွားနို့သောက်မယ်ဆိုရင် အစာ တစ်ခုခုနဲ့ တွဲသောက်သင့်ပါတယ်။

ဗိုက်ထဲ အစာမရှိတဲ့အခါ အစောဆုံးရောက်လာတဲ့ နွားနို့ကို Gastric Acid က  ချေဖျက်ပါတယ်။ ပရိုတင်းဓာတ် ကြွယ်တဲ့ နွားနို့ကို ချေဖို့ ဓာတ်မပြုနိုင်တဲ့အတွက် ဝမ်းလျှောခြင်း ဗိုက်နာခြင်းတို့ကို တစ်ခါတရံ ခံစားရတတ်ပါတယ်။

နွားနို့ကို ဘယ်လို လူတွေ အဓိကထား သောက်သင့်သလဲဆိုရင်တော့

  • အစာအိမ်နဲ့ အူလမ်းကြောင်း မကောင်းသူများ
  • အသည်းမကောင်းသူများ
  • အားနည်းသူများ
  • စိတ်ဖိစီးမှု များသူများ
  • ကိုယ်ဝန်ဆောင်များ

  • မီးနေသည်များ
  • ကြာရှည်ထိုင် အလုပ်လုပ်သူများ
  • ရင်သွေးငယ်များ
  • အသားအရေ လှပလိုသူများ
  • မျက်စိအမြင်မကောင်းသူများ

  • ဖုန်ထူတဲ့နေရာမှာ အလုပ်လုပ်ရသူများ
  • အဆုတ်အားနည်းသူများ
  • ကာယလုပ်သားများ

Buttermilk

နွားနို့ကို အဆီထုတ်ပြီးသား နွားနို့ သောက်မယ်ဆိုရင်တော့ ကိုယ်အလေးချိန် ထိန်းသူတွေပါ သောက်သုံးလို့ ရပါတယ်။

Ref: medicalnews