အစေ့အဆံလေးတွေက ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများအပြားပေးစွမ်းနိုင်တယ်ဆိုတာကို အားလုံးသိပြီးသားဖြစ်မှာပါ။ ဖရုံစေ့၊ နေကြာစေ့၊ သင်္ဘောစေ့ စတဲ့ အစေ့အမျိုးမျိုး ရှိတဲ့အနက် ဒီဆောင်းပါးလေးထဲမှာတော့ သင်္ဘောစေ့က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ မြှင့်တင်ပေးသလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ဒါ့အပြင် ပျားရည်ကိုပါ ထပ်ပေါင်းထည့်ပေးမယ်ဆိုရင် ပိုမိုအကျိုးအာနိသင် ရှိပါလိမ့်မယ်။ သင်္ဘောစေ့ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်ကို သင်္ဘောသီးထဲမှ ခပ်ထုပ်လိုက်ပြီးနောက် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ တွဲဖက်ကာ သောက်သုံးပေးလိုက်ပါ။ မနက်နိုးနိုးချင်း ဗိုက်ထဲမှာ အစာ မရှိသေးခင်မှာ သောက်သုံးပေးလိုက်ပါ။ အနည်းဆုံး တစ်လတိတိ သောက်သုံးပေးရပါမယ်။

သင်္ဘောစေ့ ပျားရည် ဖျော်ရည်မှာ Antioxidants များ ကြွယ်ဝခြင်း

English.newstracklive.com

Antioxidants များ ကြွယ်ဝခြင်းကြောင့် အစာအိမ်နှင့် အသည်း၊ ကျောက်ကပ်တို့မှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။

အမျှင်ဓာတ်များ ကြွယ်ဝခြင်း

အသည်းကိုကျန်းမာစေမဲ့ သင်္ဘောသီး

အမျှင်ဓာတ်များ ကြွယ်ဝတဲ့ သင်္ဘောစေ့ ပျားရည်ဖျော်ရည်ကို သောက်သုံးပေးခြင်းက အစာချေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုလက်စတောပမာဏကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါတယ်။

ပရိုတင်းဓာတ်များ ကြွယ်ဝခြင်း

ဒီဖျော်ရည်လေးမှာ အမျှင်ဓာတ်များ ကြွယ်ဝရုံသာမကဘဲ ပရိုတင်းဓာတ်များပါ မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကြွက်သားများ သန်မာဖို့အတွက် ကူညီပေးပါတယ်။

ကိုယ်အလေးချိန် လျော့ကျစေခြင်း

Source: Benefitsuses.com

အစားလျော့စားပြီး ကိုယ်အလေးချိန် လျော့ချင်သူတွေအနေနဲ့ သင်္ဘောစေ့ ပျားရည်ဖျော်ရည်ကို မနက်တိုင်း သောက်သုံးပေးနိုင်ပါတယ်။ ဒီဖျော်ရည်ထဲမှာပါဝင်တဲ့ အမျှင်ဓာတ်က အစားများများစားချင်စိတ်ကို ထိန်းညှိပေးပြီး မကြာခဏဗိုက်ဆာခြင်းမှလည်း ကာကွယ်ပေးပါလိမ့်မယ်။

ဝမ်းဗိုက်ထဲရှိ သန်ကောင်များ၊ တုပ်ကောင်များကို ဖယ်ရှားပေးခြင်း

Source: Cosmotales.com

သန်ကောင်၊ တုပ်ကောင်များကို ဖယ်ရှားပေးမယ့် သဘာဝ သန်ချဆေးကတော့ သင်္ဘောစေ့ ပျားရည်ဖျော်ရည်ပဲဖြစ်ပါတယ်။