မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများက ဆန် ကိုအဓိကထားစားသုံးကြတာဖြစ်ပါတယ်။သို့သော်လည်း အများစုကအဖြူရောင်ဆန်ကိုပဲ ထမင်းအဖြစ်ချက်ပြု တ် စားသုံးကြပြီး ဆန်လုံးညိုကိုတော့ လူအနည်းစုပဲစားသုံးကြတာဖြစ်ပါတယ်။တကယ်တော့ ဆန်လုံးညိုမှာ ဗီတာမင်ဓာတ် အမျှင်ဓာတ် ပရိုတင်းဓာတ် စသည်ဖြင့်ခန္ဓာကိုယ်အတွက်ကောင်းကျိုး ဖြစ်စေမယ့်အဟာရဓာတ်တွေများစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆန်လုံးညိုဘာကြောင့်စားသုံးသင့်လဲဆိုတာနဲ့ ဆန်လုံးညိုရဲ့ကောင်းကျိုးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဆီးချိုရောဂါကိုကာကွယ်ပေးတယ်

Source : Shutterstock

ဆန်လုံးညိုမှာ အမျှင်ဓာတ် Phytic Acid ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Polyphenols နဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ် များကြွယ်ဝစွာပါဝင်ပါတယ်။လေ့လာတွေ့ရှိချက်များအရ ဆန် လုံးညိုဟာ ကိုလက်စထရောပမဏကိုလျော့ကျစေပြီး သွေးတွင်းသကြားဓာတ် ကိုထိန်းညှိပေးတာကြောင့် ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။

(၂) အရိုးများသန်မာစေတယ်

Source : Shutterstock

ဆန်လုံးညိုဟာ ခန္ဓာကိုယ်ရှိအရိုးအဆစ်များကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။ဆန်လုံးညိုမှာ အရိုးအဆစ်များကိုသန်မာစေတဲ့ မဂ္ဂနီဆီယမ်ဓာတ် ကယ်လစီယမ်ဓာတ်များပါဝင်တာကြောင့် အရိုးပွခြင်း အရိုးအဆစ်များအားနည်းခြင်း စတဲ့ရောဂါတွေကိုကာကွယ်ပေးမှာဖြစ်ပြီး ကလေးငယ်များနဲ့ သက်ကြီးပိုင်းလူကြီးတွေအတွက် အထူးသင့်လျော်ပါတယ်။

(၃) နှလုံးကျန်းမာရေးကောင်းစေတယ်

Source : Shutterstock

ခန္ဓာကိုယ်အတွက်အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ နှလုံးကျန်းမာရေးကောင်းမွန်စေဖို့ကို ဆန်လုံးညိုစားသုံးပေးခြင်းဖြင့်ရရှိနိုင်ပြီး ဆန်လုံးညိုက သွေးကြောများပိတ်စို့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ဆန်လုံးညိုမှာ နှလုံးကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ ဆယ်လီနီယမ်ဓာတ်များစွာပါဝင်တာကြောင့် သွေးတိုး နှလုံးစတဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးပါတယ်။

(၄) အစာချေစနစ်ကောင်းမွန်စေတယ်

Source : Shutterstock

ဆန်လုံးညိုမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာလုပ်ဆောင်ချက်တွေကိုလည်း အထောက်အကူဖြစ်စေတဲ့အပြင် အက်စစ်ဓာတ် များစုပ်ယူခြင်းကိုလည်းကာကွယ်ပေးတာကြောင့် အစာချေစနစ်ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

(၅) ကိုယ်အလေးချိန်ထိန်းညှိပေးတယ်

Source : Shutterstock

ဆန်လုံးညိုမှာပါဝင်တဲ့ မဂ္ဂမီစီယမ်ဓာတ်နဲ့ ဖော့စ်ဖရပ်စ်ဓာတ်တွေက ကိုယ်အလေးချိန်ကိုထိန်းညှိပေးပြီး အဝလွန်ခြင်းကို ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်လည်းပါဝင်မှုမြင့်မားတာကြောင့် အစားစာချင်စိတ်ကိုကြာရှည်စွာထိန်းသိမ်းထားပေးမှာဖြစ် ပါတယ်။ သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်းထိန်းညှိပေးပြီး ပရိုတင်းဓာတ်ကကြွက်သားတည်ဆောက်ရာမှာကူညီပေးတာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေအတွက် အထူးသင့်လျော်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။