နေရာဒေသအမျိုးမျိုးက လူမျိုးမရွေးစားသုံးကြတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်သော ဟင်းသီးဟင်းရွက်တွေထဲမှာ အပ်မှိုကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အပ်မှိုကို တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေမှာ စတင်စားသုံးခဲ့ပြီး ယခုအခါမှာတော့ နိုင်ငံအသီးသီးမှာ အများအပြားစားသုံးနေကြပါပြီ။
အပ်မှိုထဲမှာ ဗီတာမင် ဒီ၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ် စတဲ့ အာဟာရဓာတ်များ အများအပြားပါဝင်ပြီး ကယ်လိုရီဓာတ်ကတော့ လုံးဝမပါဝင်ပါဘူး။

ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အပ်မှိုကို စားသုံးခြင်းကြောင့် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့…

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

Source: Mnn.com

အပ်မှိုကို တရုတ်နှင့် ဂျပန်တိုင်းရင်းဆေးပညာမှာ ဆေးဖက်ဝင်အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အသည်း ကျန်းမာရေးအတွက် အသုံးပြုနိုင်သလို အစာအိမ်အတွက်သာမက သွေးတိုးရောဂါ မခံစားရအောင်လည်း ကူညီပေးပါတယ်။

ကင်ဆာနှင့် အကြိတ်များ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

အပ်မှိုထဲမှာပါဝင်တဲ့ Flammulin ဒြပ်ပေါင်းက ကင်ဆာဆဲလ်များနှင့် အကြိတ်များ ပြန့်ပွားခြင်းမှ ကာကွယ်ပေးတယ်လို့ ကင်ဆာရောဂါကုသပေးငှာနက ပြောကြားချက်အရ သိရှိရပါတယ်။

ပင်ပန်းနွမ်းနယ်မှုကို လျော့ပါးသက်သာစေခြင်း

Source: Springtomorrow.com

တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ပြီး နောက်တစ်နေ့အတွက် အင်အားမရှိသလို ဖြစ်နေပါသလား။ ဒါဆိုရင်တော့ အပ်မှို စားသုံးပေးလိုက်ပါ။ ထို့နောက် အားအင်ပြည့်ဝအောင် အနားယူပေးမယ်ဆိုရင်တော့ ခွန်အားပြည့်လာမှာပဲဖြစ်ပါတယ်။

ခေါင်းကိုက်ဝေဒနာကို ကုသပေးခြင်း

သင်က ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားနေရသူများ။ ဒါဆိုရင်တော့ အပ်မှို များများစားသုံးပေးလိုက်ပါ။ အပ်မှိုမှာ ခေါင်းကိုက်ဝေဒနာကို သက်သာစေတဲ့ ဒြပ်ပေါင်းများပါဝင်နေလို့ပဲဖြစ်ပါတယ်။

ခန္ဓာကိုယ် ချွေးနံ့ပြင်းခြင်းကို သက်သာစေခြင်း

Source: Bonappetit.com

အပ်မှိုစားသုံးလိုက်တဲ့အခါ ဘက်တီးရီးယားနဲ့ ချွေးနံ့တွေ ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်အနံ့ဆိုးတွေက ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။

Source: Drhealthbenefits.com