မိုးရာသီဆိုရင် ကျန်းမာရေးချူချာကြတာများပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားပေးဖို့လိုပါတယ်။ မိုးရာသီမှာစားပေးသင့်တဲ့အသီးတွေအများကြီးထဲကမှ ၀ယ်ရတာလွယ်ကူတဲ့အသီး (၆) မျိုးကိုဖော်ပြပေးရင်းနဲ့  ဒီအသီး (၆) မျိုးရဲ့ အာနိသင်တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။

ပန်းသီး

Source: www.eathealthystayhealthy.wordpress.com

ပန်းသီးဆိုတာ လူကြိုက်အများဆုံးအသီးတစ်မျိုးပါ။ မိုးရာသီမှာ ပန်းသီးကိုစားပေးခြင်းဟာ ဖျားနာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။

သစ်တော်သီး

Source: www.godafeipo.com

အခုဆိုရင် သစ်တော်သီးပေါ်ချိန်ဖြစ်လာပြီဆိုတော့ မိုးရာသီမှာသစ်တော်သီးကို စားပေးရပါမယ်။ သစ်တော်သီးမှာက ဗီတာမင်စီတွေများစွားပါဝင်လို့ မိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကူးစက်ရောဂါတွေကို ကာကွယ်တိုက်ထုတ်ပေးနိုင်ပါတယ်။

သင်္ဘောသီး

Source: www.sofabfood.com

သင်္ဘောသီးက ကျန်းမာရေးအတွက် အဖက်ဖက်ကနေအသုံးဝင်နေတဲ့ အသီးတစ်မျိုးဆိုတာကို အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ သင်္ဘောသီးမှာ ဗီတာမင်စီတွေများစွာပါဝင်လို့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်လည်းပါဝင်တဲ့အတွက် အစာကြေစနစ်ကိုကောင်းမွန်စေပါတယ်။

ငှက်ပျောသီး

Source: www.youtube.com

ငှက်ပျောသီးမှာက ဗီတာမင်နဲ့ Minerals ဓာတ်တွေများစွာပါဝင်လို့ မိုးရာသီမှစားသုံးဖို့ အသင့်တော်ဆုံးပါ။ ဒါ့အပြင် ငှက်ပျောသီးကိုစားပေးခြင်းဟာ အစာကြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

လိုင်ချီးသီး

Source: www.naturalfoodseries.com

လိုင်ချီးသီးမှာက ဗီတာမင်စီဓာတ်တွေ များစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်ခုခံအားကို ပြန်လည်တည်ဆောက်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ပိုပြီးမြင့်မားလာစေပါတယ်။ Antioxidants ပါဝင်တဲ့အတွက် ဝိတ်ကျဖို့လည်း အထောက်အကူပြုပါတယ်။

မက်မွန်သီး

Source: www.laverdura.cl

မက်မွန်သီးဟာ ကယ်လိုရီတွေကိုလျော့ကျစေပြီး အမျှင်ဓာတ်ကို မြင့်တင်ပေးပါတယ်။ ဝိတ်ကျချင်တဲ့သူတွေ စားသုံးပေးသင့်တဲ့အသီးတစ်မျိုးပါ။ ဒါ့အပြင် ဗီတာမင်စီတွေများစွာပါဝင်လို့ ကိုယ်ခံစွမ်းအားစနစ်ကိုလည်းကောင်းမွန်စေပါတယ်။

မိုးရာသီမှာ ကိုယ်ခံအားကောင်းနေမှ အပြင်ကရောဂါပိုးတွေနဲ့ ဘတ်တီးရီးယားတွေ တော်ရုံမ၀င်နိုင်မှာပါ။ ဒါကြောင့် မိုးရာသီမှာ ဒီအသီးလေးတွေကို စားသုံးပေးသင့်ပါတယ်။