အစာမကြေ၊ ရင်ပြည့် ရင်ကယ်ဖြစ်နေရင် ဘယ်လောက်နေရခက်လဲဆိုတာ ခံစားရဖူးသူတွေဘဲ သိမှာပါ။ အများအားဖြင့် အစားစားပြီးချိန်မှာ အစာသေချာ မချေနိုင်တာကြောင့် ဖြစ်လာတတ်ပါတယ်။ ညပိုင်း အိပ်နေချိန်မှာ ဖြစ်ရင် ပိုပြီး ခံရခက်ပါတယ်။ ဒါကြောင့် အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်နေသူတွေအတွက် သဘာ၀ ဆေးနည်းလေးကို ဝေမျှချင်ပါတယ်။

good-banana

ငှက်ပျောသီး တစ်လုံး စားပါ။

ငှက်ပျောသီးမှာ သဘာ၀ Antacids ပါဝင်တာကြောင့် အစာအိမ်မှာ လေပွတာတွေကို သက်သာစေပါတယ်။ တစ်နေ့ကို ငှက်ပျောသီးတစ်လုံးစားရင် အစာအိမ်ထဲမှာလေပွတာတွေကို ပျောက်ကင်းစေပါတယ်။

09-Global-Home-Remedies-Tea-ginger-root-e1284043503162

ဂျင်းလက်ဖက်ရည် ဖျော်သောက်ပါ။

ဂျင်းက အစာအိမ် ကမောက်ကမဖြစ်နေတာကို သက်သာသွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဂျင်းလက်ဖက်ရည်က ခေါင်းမူးတာတွေ လေပွတာတွေကို သက်သာစေပါတယ်။ ဂျင်း ၂၀၀ ဂရမ် (ဂျင်းတစ်တုံးလောက်)ကို ပါးပါးလှီးပြီး ရေ ၂ခွက်လောက်ထည့်ပြီး ကျိုလိုက်ပါ။ မိနစ် ၃၀ လောက်ကြာအောင်ကျိုလိုက်ပါ။ ဂျင်းတွေကိုဖယ်ပြီး ကျန်တဲ့ တစ်ခွက်စာ ကျော်ကျော်လောက်ကို ခွက်ထဲထည့်ပြီး သောက်ပါ။ အစာမစားခင် မိနစ် ၂၀ အလိုမှာ သောက်ပါ။ လုပ်နည်းကို သေချာသိချင်ရင်တော့ အောက်မှာဖော်ပြထားတဲ့ YouTube Link ထဲမှာ ကြည့်လို့ရပါတယ်။

မုန်ညှင်း

17476d14-7daa-4287-86b5-966ab427aedf_1.68002cb82874e9f3a55d86234afd65d4

မုန်ညှင်းမှာ သတ္တုဓာတ်တွေအများကြီးပါဝင်တဲ့အပြင် အစာအိမ်ထဲက အက်ဆစ်ဓာတ်ပြင်းအားတွေကိုလည်း လျော့အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အကယ်၍ လေပွပြီးရင်ပြည့်နေရင် မုန်ညှင်းအနှစ် (Yello Mustard) ကို တစ်ဇွန်းသောက်လိုက်ပါ။

almonds-in-a-bowl-on-wooden-table-max

ဗာဒံစေ့ (Almonds)

ဗာဒံစေ့ (Almonds) က အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေ အရည်တွေကိုထိန်းညှိပေးပြီး အစာမကြေ လေပွတာတွေကိုလည်း သက်သာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ အစာစားပြီးတိုင်း ဗာဒံစေ့ (Almonds) ၃လုံးကနေ ၄ လုံးကို စားပေးရင် အစာကြေလွယ်ပြီး လေပွခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

Glass-of-aloe-vera-juice-1

ရှားစောင်းလက်ပတ် ဖျော်ရည်

ရှားစောင်းလက်ပက်ကတော့ ကျန်းမာရေးအတွက် မရှိမဖြစ် အိမ်သုံးဆေးဝါးလို့ပင်ဆိုနိုင်ပါတယ်။ အစာမကြေတာတွေ၊ လေပွတာတွေဖြစ်နေရင် ရှားစောင်းလက်ပတ်ဖျော်ရည်တစ်ခွက်လောက်သောက်သင့်ပါတယ်။