ဗိုက်ထဲမှာ အဆာမရှိဘဲနဲ့ ကော်ဖီသောက်မိတဲ့အခါ ရင်တုန်နှလုံးတုန်ခြင်းကို ခံစားရတတ်သလိုပဲ စပ်တဲ့အစားအစာတွေကို စားမိတဲ့အခါမှာလည်း ရင်ပူခြင်းကို ခံစားရနိုင်ပါတယ်။ ရင်ပူခြင်းကို ဖြစ်ပေါ်စေတဲ့ တရားခံကတော့ မိမိစားသုံးလိုက်တဲ့အစားအစာပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက်တူမှာမဟုတ်ပါဘူး။

ဒီလိုရင်ပူတဲ့ ခံစားချက်မျိုး ခံစားရတဲ့အခါမှာ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုပေးလိုက်ပါ။ ခံစားနေရတဲ့ ဝေဒနာများ တမဟုတ်ချင်း သက်သာသွားပါလိမ့်မယ်။

ရှားစောင်းလက်ပတ်ဖျော်ရည်သောက်သုံးပါ

ရှားစောင်းလက်ပတ်ဂျယ်လ်က သင့်အသားအရေကို အေးမြသွားစေပြီး နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။ ရှားစောင်းလက်ပတ် လိမ်းတဲ့အခါ အသားအရေက အေးမြသွားသလိုပဲ ရှားစောင်းလက်ပတ်ဖျော်ရည်သောက်သုံးတဲ့အခါမှာ သင့်ကို ရင်အေးစေမှာပဲဖြစ်ပါတယ်။

နာနတ်သီးဖျော်ရည်သောက်သုံးပါ

နာနတ်သီးဖျော်ရည်ထဲမှာ သင့်အစာအိမ်ထဲက အက်စစ်ဓာတ်များကို ထိန်းချုပ်ပေးနိုင်တဲ့ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်ပါတယ်။ စပ်တဲ့အစားအစာတွေ စားပြီးတိုင်း နာနတ်သီးဖျော်ရည် လေးအောင်စခန့် သောက်သုံးပေးလိုက်ပါ။ မအီမသာဖြစ်ခြင်း၊ ရင်ပူခြင်းတို့ ကင်းဝေးသွားပါလိမ့်မယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည်များ သောက်သုံးပါ

ဟင်းသီးဟင်းရွက်ဖျော်ရည်ထဲမှာဆိုရင် အာလူးအပါအဝင်၊ တရုတ်နံနံ၊ ဂေါ်ဖီထုပ်စတဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်တွေမှာ အစာအိမ်ထဲက အက်စစ်ပမာဏများကို ညီမျှအောင် ကူညီပေးမယ့် အယ်လ်ကာလိုင်းဓာတ်များ ပါဝင်ပါတယ်။ နာနတ်သီးဖျော်ရည်ထဲမှာကတော့ ပရိုတိန်းဓာတ်များကို ချေဖျက်ပေးပြီး အစာချေစနစ်ကို ကောင်းမွန်စေတဲ့ အင်ဇိုင်းဓာတ်များပါဝင်ပါတယ်။

ပန်းသီးစားပါ

ရင်ပူခြင်းကို သက်သာစေတဲ့အစားအစာတွေထဲမှာ ပန်းသီးလည်း ပါဝင်ပါတယ်။ ပန်းသီးတစ်စိတ်ကို စားပေးလိုက်ရုံနဲ့တင် နောက်ငါးမိနစ်လောက်ကြာတာနဲ့ ကောင်းမွန်တဲ့အာနိသင်တွေကို မျက်ဝါးထင်ထင်တွေ့မြင်ရပါလိမ့်မယ်။

ငှက်ပျောသီးစားပါ

ငှက်ပျောသီးတစ်ခုတည်းတင် ရင်ပူသက်သာစေတာမဟုတ်ပါဘူး။ ငှက်ပျောကြော်ကလည်း ရင်အေးစေတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

စပျစ်သီးစားပါ

အစာချေစနစ်ကို ကောင်းမွန်စေတဲ့ အသီးတွေထဲမှာ စပျစ်သီးလည်းပါဝင်ပါတယ်။ ရင်ပူလာပြီဆိုရင် စပျစ်သီး ၁၀ လုံးမှ အလုံး ၂၀ ခန့်အထိ စားပေးလိုက်ပါ။ အစာချေစနစ်ကို ကောင်းမွန်စေပြီး ရင်ပူသက်သာသွားပါလိမ့်မယ်။

ဂျင်းဖျော်ရည်သောက်ပါ

ရေနွေးနွေးလေး တစ်ဖန်ခွက်ထဲသို့ လတ်ဆတ်သောဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်းခန့်၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို သမအောင်ရောမွှေပြီးနောက် သောက်သုံးလိုက်ပါ။ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ မူးဝေခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ ရင်ပူခြင်းတို့ သက်သာသွားမှာပဲဖြစ်ပါတယ်။

Source: onegoodthingbyjillee.com