အစားအသောက်ဆိုင်ရာ အကြောင်းအရာတွေကို ရေးသားဖော်ပြလေ့ရှိတဲ့ BuzzFeed ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jesse က သူ့အတွေ့အကြုံတွေကို ရေးသားထားတာပါ။

မင်္ဂလာပါ ကမ္ဘာကြီးရေ။ ကျွန်တော်က Jesse ပါ။ BuzzFeed’s အစားအသောက်အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အမြဲတမ်း ဟင်းချက်ရတာကို ပျော်နေသူပါ။

အထက်တန်းမှာ အချိန်ပိုင်းအလုပ်ကို စားသောက်ဆိုင်တွေမှာဘဲ လုပ်လာခဲ့တာကြောင့် တက္ကသိုလ်တက်မယ်ဆိုတော့ သမရိုးကျတက္ကသိုလ်တွေမတက်တော့ဘဲ ဟင်းချည်နည်းဆိုင်ရာကျောင်းကိုဘဲတက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တက်ခဲ့တဲ့ကျောင်းက အမေရိကန်ပြည်ထောင်စုမှာ ဟင်းချက်တဲ့ပညာသင်ရာမှာ နာမည်အကြီးဆုံးကျောင်းတစ်ခုထဲမှာပါဝင်တဲ့ The Culinary Institute of America ဘဲဖြစ်ပါတယ်။

ကျွန်တော် ၄ နှစ်တာ သင်ကြားခဲ့ရတာထဲမှ နေ့စဉ်ဟင်းချက်ရာမှာ အသုံးဝင်မယ့်အချက်တွေကို ဝေမျှချင်ပါတယ်။

အစားအသောက်က အရသာမရှိဘူးဆိုရင် ဆားလိုနေလို့ပါပဲ

စတက်ပြီး လပေါင်းအနည်းငယ်အတွင်း သဘောပေါက်လာတာက ဟင်းလျာကအရသာမရှိဘူးဖြစ်နေရင် ဆားနည်းနည်းထပ်ထည့်လိုက်ရင် အရသာပိုကောင်းသွားပါတယ်။

သကြားလည်း လိုအပ်

ခရမ်းချဉ်သီးအနှစ်တွေ လုပ်ရတဲ့အခါမှာ ခရမ်းချဉ်သီးက အရမ်းမမှည့်သေးတာသုံးလိုက်ရရင် သကြားလေးထည့်ဖို့ လိုအပ်ပါတယ်။ ဒါမှ ခရမ်းချဉ်သီးမှည့်နဲ့ သုံးတဲ့အရသာမျိုးထွက်မှာဖြစ်ပါတယ်။

သကြားက ဟင်းလျာရဲ့ အရသာကို မြှင့်တင်ပေးနိုင်ပါတယ်။

အသားတွေကို မချက်ခင် လုံးဝခြောက်အောင်လုပ်ပါ

ကြက်ကင်တို့၊ Steak တို့ ချက်မယ်ဆိုရင် အသားတွေကို ခြောက်အောင်လုပ်ပါ။ အသားမှာ ရေစိုနေရင် အိုးကပ်နိုင်တာကြောင့် အသားကိုစိုနေရင် တစ်ရှူးနဲ့သုတ်ပြီးခြောက်အောင်လုပ်ပါ။

ဟင်းလျာက ဆွဲဆောင်မှုမရှိရင် သံပုရာသီးအနည်းငယ်ထည့်ပါ

အက်ဆစ်က သင့် အစားအစာကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ သံပုရာရည်အနည်းငယ် သို့ ရှာလကာရည်တို့က အနံ့ကော အရသာရောပါ ပိုကောင်းစေပါတယ်။

ဓားကိုအမြဲသွေးပါ

ဟင်းလျာချက်ပြုတ်ရာမှာ လှလှပပဖြစ်စေဖို့ ဓားထက်ထက်လည်းလိုအပ်ပါတယ်။ မဟုတ်ရင် ဟင်းသီးဟင်းရွက်၊ အသားငါးတွေ လှီးတဲ့နေရာမှာ သပ်ရပ်လှပမှာမဟုတ်ပါ။