အစာအဆိပ်သင့်တဲ့ လက္ခဏာက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ တချို့က ဗိုက်ထဲမှာ အပြင်းအထန် နာကျင် ထိုးအောင့်ပြီး တချို့က ၀မ်းပျက်ဝမ်းလျှော ပျို့အန်တတ်ကြပါတယ်။
တခါတလေ ခေါင်းမူး ခြင်း နှင့် ရေဓာတ်ခမ်းခြောက်ခြင်းတို့လည်း ဖြစ်လာတတ်ပါတယ်။
အထက်ဖော်ပြပါ အစာအဆိပ်သင့်ခဲ့ပါက အောက်ပါ သဘာဝနည်းလမ်းကို အသုံးပြုပြီး သက်သာ ပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။
ပူစီနံ
ပူစီနံ မှာပါဝင်တဲ့ ဓာတ်က ခန္ဓာကိုယ်အတွင်းမှာ နာကျင် ကိုက်ခဲတာတွေကို လျော့ကျပေးတာကြောင့် အစာအဆိပ်သင့်ပြီး ဗိုက်အောင့် တဲ့အချိန်မှာ အသုံးပြုလို့ရပါတယ်။ ပူစီနံအရွက်အနည်းငယ်ကိုသာ ရေနွေးထဲ ထည့်ပြီး သောက်ပါ။
ရေ
ဝမ်းလျှောခြင်းက အစာအဆိပ်သင့်တာရဲ့ လက္ခဏာတစ်ရပ်ပါ။ အဲ့လိုအချိန်မှာဆိုရင် ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးတာကြောင့် ရေဓာတ်ခမ်းခြောက်မှုတွေ ဖြစ်လာပါပြီ။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြန်လည်ရရှိဖို့က ရေသောက်သုံးဖို့ လိုအပ်ပါတယ်။ ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ တခြား ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ပါတယ်။
သံပုရာ
သံပုရာသီးမှာ အက်ဆစ်ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဘက်တီးရီးယား ပိုးမွှားများကို သေစေနိုင်ပါတယ်။ သံပုရာဖျော်ရည်ကို ပျားရည်နှင့် သကြားအနည်းငယ် ထည့်ပြီး ဖျော်ရည်လုပ်ပြီး သောက်သုံးနိုင်ပါတယ်။
ပန်းသီး
ပန်းသီးမှာ ၀မ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား နဲ့ Microorganism’s ကို သေကြေပျက်စီးနိုင်တဲ့ ဓာတ်ပါဝင်ပါတယ်။
ဇီယာစေ့
ဇီယာစေ့ အစာအိမ်အတွင်း အစာအဆိပ်သင့်တဲ့ အခြေအနေကို ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်။ ဇီယာစေ့အနည်းငယ်ကို ဟင်းချို၊ ဟင်းရည်ထဲထည့်သွင်းပြီး သောက်သုံးနိုင်ပါတယ်။
ဂျင်း
ဂျင်းက အစာခြေလမ်းကြောင်းအတွင်း ကမှောက်ကမဖြစ်မှုများကို သက်သာ ပျောက်ကင်းနိုင်စွမ်းရှိပါတယ်။ ဂျင်း တစ်ဇွန်းကို ဖျော်ရည်ဖြစ်ဖြစ်၊ ရေထဲဖြစ်ဖြစ် ထည့်သောက်ပြီး ဗိုက်အောင့်တာနဲ့ အစာအဆိပ်သင့်တာကို သက်သာ ပျောက်ကင်းစေပါတယ်။