လှုပ်ရှားမှုနည်းသော လူနေမှုဘဝ၊ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း စတဲ့ လူနေမှုဘဝပုံစံတွေက ကျန်းမာရေးကို ထိခိုက်စေတဲ့ အဓိကတရားခံတွေပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်သော အစားအစာများ စားခြင်းကြောင့် အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ စတဲ့ ရောဂါပေါင်းများစွာကို ခံစားကြရပါတယ်။

ထိုရောဂါများအနက် ဆီးချိုရောဂါကတော့ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးရောဂါတွေထဲ တစ်ခုပါ။ ထိုရောဂါခံစားရပြီဆိုရင် အရှင်းပျောက်ကင်းသွားဖို့ အတွက် ကုသရခက်ပါတယ်။ ရောဂါ ပိုဆိုးမလာအောင်သာ အဓိကထား ကုသပေးရပါမယ်။

ဆီးချိုရောဂါဝေဒနာရှင်များအတွက် အသုံးတည့်မယ့် အိမ်တွင်းဆေးနည်းများကို ဒီဆောင်းပါးလေးထဲမှာ ဆက်လက်ဖော်ပြပေးချင်ပါတယ်။

ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးကို သူ့ချည်းပဲ ကြော်စား ချက်စားလို့လည်းရသလို အခြားအစားအစာတွေနဲ့လည်း ရောနှောပြီး ချက်ပြုတ်စားပေးနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ကြက်ဟင်းခါးသီးဖျော်ရည် သောက်သုံးခြင်းပဲဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးကို ပါးပါးလှီးထားပါ။ ထို့နောက် သစ်သီးဖျော်စက် ထဲထည့်ပြီး ထည့်ဖျော်လိုက်ပါ။ ကြက်ဟင်းခါးသီး တစ်ဖန်ခွက်ခန့်ကို မနက်စာ မစားခင် တစ်ခွက်စီ နေ့တိုင်းသောက်သုံးပေးလိုက်ပါ။

သရက်အရွက်

လတ်ဆတ်သော သရက်အရွက်များက ဆီးချိုရောဂါကို ကုသရာမှာ အသုံးဝင်တဲ့ အရွက်အမျိုးအစားပဲဖြစ်ပါတယ်။

ပြုလုပ်နည်းလေးကတော့ အရင်ဦးဆုံး သရက်အရွက်လေးများကို ခူးလိုက်ပါ။ ခြောက်သွေ့သွားအောင် နေပူလှန်းလိုက်ပါ။ ခြောက်သွားပါက အမှုန့်များ ဖြစ်သွားအောင် ကြိတ်ချေလိုက်ပါ။ ရရှိလာတဲ့အမှုန့်များကို ရေနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

နောက်တစ်နည်းကတော့ သရက်အရွက်ကို ရေနဲ့ ပြုတ်ပေးထားလိုက်ပါ။ ရရှိလာတဲ့ သရက်အရွက် ရေနွေးပူများကို အေးသွားအောင် တစ်ညလုံး အအေးခံထားလိုက်ပါ။ မနက် မိုးလင်းတဲ့အခါ မနက်စာ မစားခင် သောက်သုံးပေးနိုင်ပါတယ်။

ဒန့်ဒလွန်ရွက်

အသီး၊ အရွက်ရော အမြစ်ပါမက တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တဲ့ ဒန့်သလွန်

ဟင်းချက်တဲ့အခါ ဒန့်ဒလွန်ရွက်များ ထည့်ချက်ပေးလိုက်ပါ။ ဒါမှမဟုတ် ဒန့်ဒလွန်ရွက် ဟင်းချို လုပ်သောက်လို့လည်း ရပါတယ်။ ဟင်းလျာတွေထဲမှာ ဒန့်ဒလွန်ရွက် ထည့်မယ်ဆိုရင် ဟင်းရဲ့အနံ့အရသာက မွှေးပျံ့နေတဲ့အပြင် သွေးတွင်းသကြားဓာတ်များကိုလည်း ၂၁ ရာခိုင်နှုန်းခန့် လျော့ချပေး နိုင်ပါသေးတယ်။

ရေ

ရေသောက်သုံးခြင်းကတော့ ကျန်းမာရေးအတွက် အကောင်းမွန်ဆုံးအမူအကျင့်တစ်ခုပဲဖြစ်ပါတယ်။ ဆီးချိုသမားများအနေနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းက အဖြစ်အများဆုံး အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ရေငတ်တဲ့အချိန်အထိ မစောင့်ဘဲ ရေ ပုံမှန်သောက်သုံးသင့်ပါတယ်။ သွေးတွင်းသကြားဓာတ် များ မမြင့်မားဖို့ရန်အတွက် တစ်နေ့ကို ရေ နှစ်လီတာခွဲခန့် အနည်းဆုံးသောက်သုံးသင့်ပါတယ်။

Source: Practo.com