(Unicode)

အလေးအပင်မတဲ့အခါပဲဖြစ်ဖြစ်၊ အထိုင်များတဲ့အခါပဲဖြစ်ဖြစ် ခါးနာဝေဒနာ ခံစားရတတ်ပါတယ်။ လူကြီးလူငယ် အသက်အရွယ်မရွေးခံစားရတတ်တဲ့ ခါးနာဝေဒနာ ပျောက်ကင်းသက်သာဖို့အတွက် သဘာဝနည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ရှားစောင်းလက်ပတ်ဖျော်ရည်

ရှားစောင်းလက်ပတ်ဖျော်ရည် ၁၂၅ မီလီလီတာခန့်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ထိုရှားစောင်းလက်ပတ်ဂျယ်လ်ကို နာကျင်မှုခံစားနေရတဲ့ ခါးတစ်ဝိုက်မှာ သုတ်လိမ်းပေးလိုက်ပါ။ နေ့စဉ်မှန်မှန် လိမ်းကျံပေးမယ်ဆိုရင် ခါးနာဝေဒနာ သက်သာသွားပါလိမ့်မယ်။

နာနတ်သီးဖျော်ရည်

နာနတ်သီး ၁၁၅ ဂရမ်ကို အတုံးခပ်သေးသေးလေး တုံးထားပြီးနောက် သစ်သီးဖျော်စက်ထဲ ထည့်ထားလိုက်ပါ။ ထို့နောက် ရေ ၂၅၀ မီလီလီတာကို ဖျော်စက်ထဲထည့်ပြီးနောက် ဖျော်စက်ဖွင့်ကာ မွှေပေးလိုက်ပါ။ ထိုဖျော်ရည်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးလိုက်ပါ။ ဖျော်ရည်မသောက်ချင်သူများအနေနဲ့လည်း နာနတ်သီးကို စားသုံးပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ အသုံးပြုပါ

ကြက်သွန်ဖြူ ၁၀ မြွှာကို ညှက်နေအောင် ထောင်းပေးလိုက်ပါ။ ရရှိလာတဲ့ ကြက်သွန်ဖြူအနှစ်ကို နာကျင်နေတဲ့ ခါးတစ်ဝိုက်ပေါ်သို့ လိမ်းကျံပေးလိုက်ပါ။ ထို့နောက် တဘက်သန့်သန့်တစ်ခုဖြင့် ပတ်ထားပေးလိုက်ပါ။ ၂၅ မိနစ်၊ မိနစ် ၃၀ ခန့်ကြာတဲ့အခါမှာတော့ ရေစိုနေတဲ့အဝတ်စဖြင့် သန့်စင်ပေးလိုက်ပါ။ ဒီနည်းလမ်းအသုံးပြုမယ်ဆိုရင်တော့ အနည်းဆုံး တစ်နေ့နှစ်ကြိမ်ပြုလုပ်ပေးရပါမယ်။

နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ မနက်မိုးလင်းတိုင်းမှာ ကြက်သွန်ဖြူ ၂ မြွှာ၊ ၃ မြွှာခန့်ကို ဝါးစားပေးရမှာပဲဖြစ်ပါတယ်။

ဂျင်းလက်ဖက်ရည်နွေးနွေးလေး သောက်သုံးပါ

ရေနွေးပူ တစ်ဖန်ခွက် (၂၅၀ မီလီလီတာ)ထဲသို့ ၂ လက်မအရွယ်အစား ဂျင်းတုံးတစ်တုံးထည့်ကာ ၅ မိနစ်၊ ၁၀ မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။ ထို့နောက် အရသာကောင်းမွန်ဖို့ရန်အတွက် ပျားရည်အနည်းငယ်ထည့်ကာ မွှေပေးလိုက်ပါ။ ရေနွေး မအေးခင်မှာ ပူပူနွေးနွေးလေး သောက်သုံးပေးခြင်းအားဖြင့် ခါးနာဝေဒနာကို ကုသပေးလိုက်ပါ။ ဒီဂျင်းလက်ဖက်ရည်ကိုတော့ တစ်နေ့ နှစ်ကြိမ်ခန့် သောက်သုံးပေးလိုက်ပါ။

Source: Stylecraze.com

(Zawgyi)

အေလးအပင္မတဲ့အခါပဲျဖစ္ျဖစ္၊ အထိုင္မ်ားတဲ့အခါပဲျဖစ္ျဖစ္ ခါးနာေဝဒနာ ခံစားရတတ္ပါတယ္။ လူႀကီးလူငယ္ အသက္အရြယ္မေရြးခံစားရတတ္တဲ့ ခါးနာေဝဒနာ ေပ်ာက္ကင္းသက္သာဖို႔အတြက္ သဘာဝနည္းလမ္းေကာင္းေလးေတြကို ေဝမွ်ေပးခ်င္ပါတယ္။

ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္

ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ ၁၂၅ မီလီလီတာခန္႔ကို ေန႔စဥ္မွန္မွန္ေသာက္သံုးေပးလိုက္ပါ။ ဒါမွမဟုတ္ရင္လည္း ထိုရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို နာက်င္မႈခံစားေနရတဲ့ ခါးတစ္ဝိုက္မွာ သုတ္လိမ္းေပးလိုက္ပါ။ ေန႔စဥ္မွန္မွန္ လိမ္းက်ံေပးမယ္ဆိုရင္ ခါးနာေဝဒနာ သက္သာသြားပါလိမ့္မယ္။

နာနတ္သီးေဖ်ာ္ရည္

နာနတ္သီး ၁၁၅ ဂရမ္ကို အတံုးခပ္ေသးေသးေလး တံုးထားၿပီးေနာက္ သစ္သီးေဖ်ာ္စက္ထဲ ထည့္ထားလိုက္ပါ။ ထို႔ေနာက္ ေရ ၂၅၀ မီလီလီတာကို ေဖ်ာ္စက္ထဲထည့္ၿပီးေနာက္ ေဖ်ာ္စက္ဖြင့္ကာ ေမႊေပးလိုက္ပါ။ ထိုေဖ်ာ္ရည္ကို ေန႔စဥ္မွန္မွန္ေသာက္သံုးေပးလိုက္ပါ။ ေဖ်ာ္ရည္မေသာက္ခ်င္သူမ်ားအေနနဲ႔လည္း နာနတ္သီးကို စားသံုးေပးႏိုင္ပါတယ္။

ၾကက္သြန္ျဖဴ အသံုးျပဳပါ

ၾကက္သြန္ျဖဴ ၁၀ ျမႊာကို ညွက္ေနေအာင္ ေထာင္းေပးလိုက္ပါ။ ရရွိလာတဲ့ ၾကက္သြန္ျဖဴအႏွစ္ကို နာက်င္ေနတဲ့ ခါးတစ္ဝိုက္ေပၚသို႔ လိမ္းက်ံေပးလိုက္ပါ။ ထို႔ေနာက္ တဘက္သန္႔သန္႔တစ္ခုျဖင့္ ပတ္ထားေပးလိုက္ပါ။ ၂၅ မိနစ္၊ မိနစ္ ၃၀ ခန္႔ၾကာတဲ့အခါမွာေတာ့ ေရစိုေနတဲ့အဝတ္စျဖင့္ သန္႔စင္ေပးလိုက္ပါ။ ဒီနည္းလမ္းအသံုးျပဳမယ္ဆိုရင္ေတာ့ အနည္းဆံုး တစ္ေန႔ႏွစ္ႀကိမ္ျပဳလုပ္ေပးရပါမယ္။

ေနာက္ထပ္နည္းလမ္းတစ္မ်ိဳးကေတာ့ မနက္မိုးလင္းတိုင္းမွာ ၾကက္သြန္ျဖဴ ၂ ျမႊာ၊ ၃ ျမႊာခန္႔ကို ဝါးစားေပးရမွာပဲျဖစ္ပါတယ္။

ဂ်င္းလက္ဖက္ရည္ေႏြးေႏြးေလး ေသာက္သံုးပါ

ေရေႏြးပူ တစ္ဖန္ခြက္ (၂၅၀ မီလီလီတာ)ထဲသို႔ ၂ လက္မအရြယ္အစား ဂ်င္းတံုးတစ္တံုးထည့္ကာ ၅ မိနစ္၊ ၁၀ မိနစ္ခန္႔ စိမ္ထားေပးလိုက္ပါ။ ထို႔ေနာက္ အရသာေကာင္းမြန္ဖို႔ရန္အတြက္ ပ်ားရည္အနည္းငယ္ထည့္ကာ ေမႊေပးလိုက္ပါ။ ေရေႏြး မေအးခင္မွာ ပူပူေႏြးေႏြးေလး ေသာက္သံုးေပးျခင္းအားျဖင့္ ခါးနာေဝဒနာကို ကုသေပးလိုက္ပါ။ ဒီဂ်င္းလက္ဖက္ရည္ကိုေတာ့ တစ္ေန႔ ႏွစ္ႀကိမ္ခန္႔ ေသာက္သံုးေပးလိုက္ပါ။

Source: Stylecraze.com