ပါဝင်ပစ္စည်း
- ကိုကိုးမှုန့် (ချောကလက်လုပ်ရာတွင် အသုံးပြုသော ကိုကိုးသီး) စားပွဲတင်ဇွန်း ၂ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်း
- ဆားအနည်းငယ်
- နွားနို့ ၁ ခွက် (သို့) ခွက်တစ်ဝက်
- Vanilla Extract လက်ဖက်ရည်ဇွန်း ၁/၄
ကိုကိုးမှုန့်ကိုရဖို့ အချိုမပါတဲ့ ချောကလက်တုံးတစ်ခုကို ခြစ်ပြီးယူလို့ရပါတယ်။
ကိုကိုးမှုန့်ရယ် သကြားရယ် ဆားရယ် နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်းရယ်ကို အိုးတစ်လုံးထဲထည့်ပြီး သကြားနဲ့ ကိုကိုးမှုန့် ပျော်ဝင်သွားတဲ့ထိ အပူချိန်နိမ့်ပြီး သည်ပေးပါ။
ပြီးရင် ကျန်တဲ့ နွားနို့ကိုထည့်ပြီး အပူချိန်ကို နည်းနည်းမြင့်ပြီး ပူသွားတဲ့ထိသည်ပါ။
ပြီးရင် Vanilla ရည် နည်းနည်းထည့်ပြီး မွှေပေးပါ။ အဲဒါဆိုရင် သောက်သုံးလို့ရပါပြီ။