ကိုယ်လုံး ကိုယ်ပေါက်ပေါက် ခပ်မိုက်မိုက်နဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်က လူတိုင်း လိုချင်ကြတာပါဘဲ။ အမှန်တော့ ဒါက အခက်ကြီးမဟုတ်ပါဘူး။ စိတ်ရှည်ရှည်နဲ့ တစိုက်မတ်မတ်လုပ်ဖို့ဘဲ အရေးကြီးတာပါ။ ဟင်းသီးဟင်းရွက်တွေ များများစားမယ်၊ သကြားဓာတ်ပါတဲ့ အစားအစာတွေ ရှောင်ရှား၊ လျော့စားမယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီတွေ ဘဲ စားသုံးမယ်၊ ဟင်းသီးဟင်းရွက်က ရတဲ့ ပရိုတင်းဓာတ်ကိုပဲ ဖြည့်တင်းမယ်ဆိုရင် ဖြစ်လာမှာပါ။

အဲ့ဒီအပြင် တစ်နေ့ ထမင်း ၃ နပ်ဘဲ စားပြီး ည၇နာရီနောက်ပိုင်း ဘာမှမစားဖြစ်ဖို့လည်း လိုပါတယ်။

ကိုယ်အလေးချိန် တက်လာရင်ခြင်းကလည်း ဟော်မှုန်းဓာတ်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။ တချို့ဟော်မှုန်းဓာတ်တွေက ကိုယ်အလေးချိန်တက် စေပြီး အထူးသဖြင့် စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ ဟော်မှုန်းတွေပါဘဲ။ ဒါကြောင့် ကိုယ်အလေးချိန်လျော့ကျနိုင်တဲ့ ဟော်မှုန်းတွေထွက်လာနိုင်မယ့် နည်းလမ်းကို ဝေမျှချင်ပါတယ်။

sugar

အဆင့်၁ – သကြားကို မစားသုံးပါနဲ့။

သကြားမှာပါဝင်တဲ့ ကာဗိုဟိုက်ဒရိုက်က ကိုယ်အလေးချိန် လျော့ချချင်သူတွေအတွက် မကောင်းပါဘူး။ သင်က ကွတ်ကီးတွေ၊ အသင့်စား အစားအစာတွေ၊ အရက်တို့ကို သောက်သုံးနေလျှင် ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်တွေကို အလိုရနေတာကြောင့် အဆီတွေကိုလောင်ကျွမ်းပြီး စွမ်းအင်ထုတ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝိတ်ကျချင်ရင်တော့ ဒီအစားအစာတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။

635926140286467500-ThinkstockPhotos-87335774

အဆင့် ၂ – ဟင်းသီးဟင်းရွက်များများ စားပါ။

ဟင်းသီးဟင်းရွက်တွေ၊ ပဲတွေကို များများစားပါ။ အစိမ်းဘဲဖြစ်ဖြစ် ပြုတ်ပြီးဘဲဖြစ်ဖြစ် ဟင်းသီးဟင်းရွက်တွေကို စားရင် ခန္ဓာကိုယ်က ကယ်လိုရီတွေ များများလိုတာကြောင့် အဆီတွေလောင်ကျွမ်းပြီစွမ်းအင်ရှာဖွေပါလိမ့်မယ်။ ဒါဆို ကိုယ်အလေးချိန် ကျဆင်းလာပါလိမ့်မယ်။ အမျှင်ဓာတ်တွေလည်း အများကြီးပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

18941095_l

အသီးအနှံဖျော်ရည်တွေသောက်ပါ

ကိုယ်အလေးချိန် ကျဆင်းချင်ရင် အိမ်မှာ အသီးအနှံတွေကို လတ်လတ်ဆတ်ဆတ် ဖျော်သောက်ပါ။ အသီးအနှံတွေက အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်ကျဆင်းဖို့ အထောက်အကူပြုပါတယ်။ သွေးတိုးရောဂါရှိတဲ့သူတွေဆိုရင် နံနံပင်၊ ဟင်းနုနယ်ရွက် တို့ကို ဖျော်သောက်ပါ။ ပရိုတင်းဓာတ်လိုချင်ရင် ဖျော်ရည်ထဲကို ပဲတချို့၊ ပန်းဂေါ်ဖီ နဲ့ ကညွှတ်တို့ကို ထည့်သွင်း လို့ရပါတယ်။ အချိုဓာတ်လိုချင်ရင် ဖျော်ရည်ထဲကို ပန်းသီး တို့ မုန်လာဥနီတို့ ထည့်လို့ရပါတယ်။

အသီးအရွက်က ရတဲ့ ပရိုတင်းဓာတ်ဘဲ စားမယ်

တိရစ္ဆာန်တွေဆီက ရတဲ့ ပရိုတင်းဓာတ်ထက် ဟင်းသီးဟင်းရွက်တွေက ရတဲ့ ပရိုတင်းဓာတ်ကို စားသုံးသင့်ပါတယ်။

b54c2aea-8390-4c23-9b42-c5ea1f8f83e5_large

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီ

အကယ်၍ အရင်က ထောပတ်ဆီကို သုံးခဲ့ရင် အုန်းသီးကထုတ်ထားတဲ့ဆီနဲ့ အစားထိုးကြည့်ပါ။ နေကြာဆီကို သံလွင်ဆီနဲ့ အစားထိုးကြည့်ပါ။ တဖြည်းဖြည်းနဲ့ ကာဗွန်ဟိုက်ဒရိတ်ကို လျော့ချကြည့်ပါ။ ထမင်းကို အရင်က တစ်ပန်းကန်စားနေရာကနေ ပန်းကန်တစ်ဝက်လောက်ဘဲ စားနိုင်အောင် လေ့ကျင့်ကြည့်ပါ။

ကိုယ်အလေးချိန်ကျဖို့ အဆီလောင်ကျွမ်းစေတဲ့ ဟော်မှုန်းတွေထွက်လာအောင်

လေ့ကျင့်ခန်းလုပ်ပေးသင့်ခန္ဓာကိုယ်မှာတော့ ပရိုတင်းဓာတ်တွေကို ကြွက်သားအသစ်၊ တစ်ရှူးအသစ်တွေ တည်ဆောက်ရာမှာ အသုံးပြုပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သလောက် ပရိုတင်းဓာတ်ကိုသာ စားသုံးပေးသင့်ပြီး ပိုသွားရင် အလေးချိန်တက်အဆီဖြစ်လာတာကြောင့် လေ့ကျင့်ခန်းနဲ့ ကုန်ခမ်းသွားအောင် လုပ်ဆောင်သင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံးပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း မိနစ် ၃၀ လောက်လုပ်သင့်ပါတယ်။

3-Step-Tricks-to-Activate-Your-Fat-Burning-Hormones-and-Lose-Weight-Fast

အစားစားချိန်ကို ပုံမှန်ထားပြီးစားပါ

ကိုယ်အလေးချိန်ကျချင်ရင် အစားစားချိန်ကို ပုံမှန်ထားပြီး စားသုံးသင့်ပြီး ည ၇ နာရီနောက်ပိုင်း ဘာအစားအစာမှ မစားသင့်တော့ပါဘူး။ နောက်ဆုံး ညစာကို ၄၊ ၅ နာရီမှာစားနိုင်ရင် ပိုကောင်းပါတယ်။ မနက်စာနဲ့ နေ့လည်စာကိုသာ ထမင်းစားပြီး ညစာကို အသီးအရွက်တွေ စားသုံးနိုင်ရင် ပိုကောင်းပါတယ်။