အသည်းက ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဘဲဖြစ်ပါတယ်။ ရေစစ်တစ်ခုလို ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ဓာတ်တွေ အဆိပ်အတောက်တွေကို စစ်ပေးပါတယ်။

အသည်းကောင်းကောင်း အလုပ်မလုပ်တော့လို့ရှိရင် ခန္ဓာကိုယ်စနစ်တစ်ခုလုံးက ကမောက်ကမတွေဖြစ်ကုန်ပါတယ်။ ခံတွင်းအနံ့ဆိုးတာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်၊ အစာမခြေနိုင်၊ စိတ်ဖိစီးမှုနဲ့ ကိုယ်ခံအားနည်းတာတွေပါ ဖြစ်နိုင်ပါတယ်။

1200px-Kiwi_(Actinidia_chinensis)_1_Luc_Viatour

အသည်းကျန်းမာရေးအတွက် ကောင်းမယ့် အစားအစာတွေ စားသုံးမယ်

အောက်ဖော်ပြပါ အသီးအနှံတွေက အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

  • ကီဝီသီး
  • စပျစ်သီး
  • ချယ်ရီသီး

nature-beautiful-grapes-high-definition-full-screen-wallpaper-image-download

အသီးအရွက်ထဲမှာဆိုရင်

  • ကညွတ်
  • ဂေါ်ဖီထုပ်
  • ပန်းဂေါ်ဖီ

asparagus-for-baby

အကြော်အလှော်တွေ၊ အေးခဲနေတဲ့ အစားအစာတွေ၊ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်များတဲ့ အစားအစာတွေကို အလွန်အကျွံမစားသုံးသင့်ပါဘူး။

အရက်၊ ဆိုဒါ အချိုရည်တို့ကို တတ်နိုင်သမျှ လျော့သောက်ဖို့လိုပါတယ်။

strawberry-6

Antioxidants ပါတဲ့ အစားအစာများကို စားသုံးမယ်

Antioxiants ပါတဲ့ အစားအစာတွေက အသည်းရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အသည်းမှာရှိတဲ့ ဆဲလ်တွေကို အဆိပ်အတောက်တွေကြောင့် ပျက်စီးနိုင်တဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်။

Antioxidants ဓတ်တွေကြွယ်ဝစွာပါဝင်တဲ့ အစားအစာများမှာ ဘလူးဘယ်ရီ၊ ပန်းသီး၊ စတော်ဘယ်ရီ၊ အခွံမာသီး၊ သစ်အယ်သီးနဲ့ မြေပဲတို့ဖြစ်ပါတယ်။

Apple

ဆေးတွေကို သောက်သုံးရာမှာ သတိထားပါ

Acetaminophen ဓာတ်ပါတဲ့ ဆေးတွေတော်တော်များများက အသည်းကို ထိခိုက်နိုင်တာကြောင့် အဲ့လို ဆေးမျိုးဆိုရင် အများကြီးနဲ့ အချိန်အကြာကြီး ဆွဲမသောက်သင့်ပါဘူး။

Capture-58-597x300

အသည်းအတွက် သဘာဝဆေး

အသည်းအတွက် အကောင်းဆုံး သဘာဝဆေးကတော့ Green Tea သောက်တာဘဲဖြစ်ပါတယ်။ Green Tea ကို တစ်ပတ်ကို ၂ ခါ၊ ၃ ခါလောက် သောက်ပေးပြီး အသည်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါ။

Green-tea

အားကစားလုပ်ပါ

အားကစားလုပ်တာဟာလည်း အသည်းရဲ့ ကျန်းမာရေးကို အထောက်အကူပြုတာကြောင့် မနက်မိုးလင်းထပြီး လမ်းလျှောက်၊ ပြေးတာတို့ကို လုပ်ဆောင်ပေးပါ။

Female Urban Runner