လတ်ဆတ်တဲ့ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များကို များများစားခြင်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း လူတိုင်းသိကြပေမယ့် မကြာသေးခင်နှစ်တွေတုန်းက အမေရိကန်ပြည်ထောင်စုမှာ ဟင်းနုနွယ်ရွက်၊ သခွားမွှေးသီး၊ ခရမ်းချဉ်သီးနဲ့ ဆလတ်တို့အပါအဝင် မသန့်ရှင်းတဲ့ အသီးအနှံများနဲ့ ဟင်းသီးဟင်းရွက်များကြောင့် ရောဂါအများအပြား ဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို မစားခင်မှာ ဓာတုပစ္စည်းအကြွင်းအကျန်တွေနဲ့ အညစ်ကြေးတွေပြောင်အောင် သေချာဆေးကြောသင့်ပါတယ်။ ဒါဆို သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုဆေးကြောမလဲ ?
သင့်လက်မှာ ပိုးမွှားနဲ့အညစ်အကြေးတွေ ရှိနေနိုင်တာကြောင့် ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို မဆေးကြောခင် လက်ကို ဆပ်ပြာ ၊ ရေနွေးနွေးဖြင့် စက္ကန့် ၂၀ ကြာ ဆေးကြောပါ။
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စိမ်ရန် မီးဖိုချောင်သုံး ဇလုံကို အသုံးပြုမယ်ဆို အရင်ဆုံး ပြောင်စင်အောင် ဆေးကြောသန့်စင်ပါ။
အသီးနဲ့ဟင်းသီးဟင်းရွက်တွေကို ဆေးတဲ့အခါ အပေါ်ယံက မကောင်းတဲ့အလွှာနဲ့ ပွန်းပဲ့နေတဲ့အစိတ်အပိုင်းတွေကို ဖယ်ထုတ်လိုက်ပါ။
ဇလုံကို ၂/၃ လောက်ပြည့်အောင် ရေထည့်ပြီး Baking Sodaကို ရေထဲ စားပွဲဇွန်း ၃ ဇွန်း ဒါမှမဟုတ် ၄ ဇွန်းလောက်ထည့်ပြီး မွှေပေးပါ။ မုန့်ဖုတ်ဆိုဒါရေထဲမှာ သစ်သီး ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တွေကို ထည့်ပြီး ဆေးပေးပါ။
ဖရဲသီး၊ ပန်းသီး၊ မုန်လာဥနီ၊ သို့မဟုတ် အာလူးတို့လို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတေကို သန့်ရှင်းစေဖို့ အမွေးအမှင်ပျော့ပျောင်းတဲ့ vegetable brush ကို သုံးပေးပါ။
ဆလတ်ရွက် သို့မဟုတ် ဂေါ်ဖီထုပ်တို့ကို သန့်ရှင်းတဲ့အခါ အပြင်ဘက်ဆုံးအရွက်များကို ဖယ်ထုတ်လိုက်ပါ။