ငါးကြိုက်သူတွေအတွက် ငါးကို အရသာရှိအောင် ကောင်လုံး ကင်စား ချက်စားကြရအောင်နော်
၁။ ငါးကတော့ ကကတစ်ငါးလည်းရပါတယ်။ အများဆုံး ကင်စားတဲ့ ငါးဖီးမ ငါးလည်း ရပါတယ်။ အရင်ဦးဆုံး ငါးကို ထက်ခြမ်းခွဲပါ။ ကလီစာတွေကို ထုတ်ပါ။ အပေါ်ကနေ မွှန်းပေးပါ။
၂။ ငါးကို ဆီအနည်းငယ် သုတ်ပါ။ အတွင်းသားတွေကိုပါ သုတ်ပေးပါ။ ပိုမွှေးအောင် သံလွင်ဆီ သုံးပါ။ ဒါမှမဟုတ် ရိုးရိုးဆီသုံးလည်း ရပါတယ်။
၃။ ငါးကို အရသာ အနည်းငယ် နယ်ပါ။ ဆား၊ ချိစ်နဲ့ သံပုရာရည်တို့နဲ့ နယ်ပါ။
၄။ ဆား၊ ငရုပ်ကောင်းနဲ့ အချိုအနည်းငယ်ထည့်ပါ။
၅။ ငါးအတွင်းကို အစာအနည်းငယ် ထည့်ပါ။ နံနံပင်နဲ့ ရှမ်းနံနံတွေကို အထဲမှာ ထည့်ရင် ရပါတယ်။ ပြီးရင်တော့ မီးဖိုပေါ်တင်ပါ။
၆။ ၁၀မိနစ်လောက် ထားပြီး ကင်ပေးပါ။
မြန်မာတွေ အကြိုက်ကတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ရောထောင်းပြီး ငါးအတွင်းကို အစာသွပ်ကြပါတယ်။
Source: fishcooking