တစ်ချို့တွေကတော့ ကြက်သွန်ဖြူ မကြိုက်ကြပေမယ့် တစ်ချို့တွေကတော့ထမင်းစားနေတဲ့အချိန်တွေမှာ ကြက်သွန်ဖြူလေးကိုကိုက်ပြီး စားရတာကိုကြိုက်ကြတာပဲဖြစ်ပါတယ်။ တကယ်တော့ ကြက်သွန်ဖြူကိုပုံမှန်စားပေးတာက အစာချေစနစ်ကိုကောင်းမွန်စေပြီး အစာအိမ်ကိုလည်း ကျန်းမာစေတာကြောင့် စားတော့စားပေးသင့်ပါတယ်။

ဒါပေမယ့် တစ်ခုဆိုးတာက ကြက်သွန်ဖြူစားပြီးသွားတဲ့အချိန်မှာ ကြက်သွန်ဖြူကြောင့်ခံတွင်းအနံ့ဆိုးတွေ ကျန်နေခဲ့စေတာကို ပျောက်ကင်းအောင်လုပ်ဖို့တော့လိုတာပေါ့။ နည်းလမ်းကောင်းလေးတွေကတော့ရှိပြီးသားပါနော်။

ရေနွေးကြမ်းက ခံတွင်းနံ့ကိုကင်းစင်စေတာကြောင့် ကြက်သွန်ဖြူကြိုက်တတ်တဲ့သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။ ရေနွေးကြမ်းပူပူလေးထဲကို ပျားရည်ရောထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် တစ်နေ့လုံး ပျားရည်ရောထားတဲ့ရေနွေးကြမ်းကိုပဲ သောက်ပေးနေမယ်ဆိုရင် ကြက်သွန်ဖြူစားလို့ကျန်နေခဲ့တဲ့ ခံတွင်းနံ့တွေကိုလျော့နည်းစေမှာပဲဖြစ်ပါတယ်။

ရေသောက်မယ်ဆိုရင်လည်း သောက်မယ့်ရေထဲကိုရှောက်သီးအရည်ညစ်ထည့်ပြီး သောက်ပေးမယ်ဆိုရင်အသားအရေကိုလည်း ကြည်လင်လာစေမယ်၊ စိတ်ကိုလည်းလန်းဆန်းလာစေပြီး ကြက်သွန်ဖြူစားလိုက်လို့ အခက်တွေ့သွားတဲ့ခံတွင်းနံ့ဆိုးတွေကိုလည်း သက်သာသွားစေမှာပါ။

ပူရှိန်းပီကေစားတတ်တဲ့အကျင့်သင့်ဆီမှာရှိပါသလား။ တကယ်တော့ ပူရှိန်းပီကေကိုအိတ်ထဲမှာ အမြဲတမ်းဆောင်ထားသင့်ပါတယ်။ ပူရှိန်းပီကေက စားလိုက်တဲ့အချိန်မှာ ခံတွင်းကိုလန်းဆန်းသွားစေတဲ့အတွက်ကြောင့် ကြက်သွန်ဖြူစားတတ်တဲ့သင့်အတွက်လည်း ခံတွင်းနံ့တွေဆိုးရွားနေမှာကို စိတ်ပူနေစရာမလိုတော့ဘူးပေါ့။

Photo Source: Pinterest