အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စပ်စပ်လေးနဲ့ ထမင်းနဲ့စားလို့လည်းရတယ်၊ မုန့်ကြွပ်တွေနဲ့လည်း တို့စားလို့ရတဲ့ ဆော့စ်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

တရုတ်နိုင်ငံမှာ နာမည်ကျော်တဲ့ Schezwan လို့ခေါ်တဲ့ ဆော့လ် စပ်စပ်လေးဖြစ်ပါတယ်။

ဘယ်လိုလုပ်ရတာလဲဆိုတာကို အဆင့်ဆင့်မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ဆီ ခွက် ၁/၄ ပုံ
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း (၁၅ ဥ)
  • ဂျင်း ၁ လက်မ ခွဲ (တောက်တောက်စဉ်းပါ)
  • ကြက်သွန်နီ ခွက်တစ်ဝက် (တောက်တောက်စဉ်းပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

  • ငရုတ်သီးအခြောက် ၁၅ တောင့်မှ အတောင့် ၂၀ အထိ
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ အနည်းငယ်

Source: cham.co.il

  • ခရမ်းချဉ်သီး အနှစ် ခွက် ၁/၄ ပုံ
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား (လိုအပ်သလောက်)

ပြုလုပ်နည်း

အရင်ဆုံး ငရုတ်သီးကို ရေနဲ့ စိမ်ပေးပြီး ဆေးပေးလိုက်ပါ။

ပြီးရင် ကျိတ်ပေးလိုက်ပါ။ ရေလိုရင်ရေနည်းနည်းထည့်ပါ။

အိုးကိုအပူပေးပြီး ဆီထည့်လိုက်ပါ။ ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း စတာတွေကို ဆီသတ်လိုက်ပါ။ မိနစ်အနည်းငယ်မွေပေးလိုက်ပါ။

ဆား၊ သကြား၊ ငရုတ်သီးထောင်း၊ ခရမ်းချဉ်သီး အနှစ်တွေကိုထည့်လိုက်ပြီး သေချာမွေပေးလိုက်ပါ။

ငရုတ်ကောင်းမှုန့်နဲ့ ရှလကာရည် ထည့်ပြီး သေချာမွေပေးလိုက်ပါ။ ပဲငံပြာရည် နည်းနည်းထည့်ပါ။

အနံ့လေးမွှေးလာရင် စားလို့ရပါပြီနော်။

ထမင်းနဲ့ စားစား၊ မုန့်ခြောက်တွေနဲ့ တို့စားစား အဆင်ပြေပါတယ်။

Source: www.fabhow.com

By: MyFood Myanmar