အားလုံးပဲမင်္ဂလာပါနော်။ စတော်ဘယ်ရီကို တမျိုးလေးအရသာထူးသွားအောင် ချော့ကလက်အုပ်ပြီး လုပ်စားလို့ရပါတယ်။ ချစ်သူများနေ့မှာ လက်ဆောင်အဖြစ်ပေးမလား။ ဒါမှမဟုတ် အိမ်မှာပဲ အပျင်းပြေလုပ်စားမလား။ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပြီး အရသာရှိတာမို့ စာဖတ်သူတို့လည်း အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်း

  • စတော်ဘယ်ရီ
  • ဗာဒံစေ့
  • ချော့ကလက်လုံးများ
  • ချောကလက် ချောင်းလေးတွေ
  • ပုံစံလှလှ သကြားလုံးလေးတွေ

  • ချောကလက်အမည်း
  • ချောကလက်အဖြူ
  • သွားကြားထိုးတံ
  • Pan အိုး
  • ဇွန်း

ပြုလုပ်နည်း

စတော်ဘယ်ရီသီးကို ရေသေချာဆေးလိုက်ပါ။ မီးအပူခံနိုင်တဲ့ ခွက်ကို ပန်အိုးထဲထည့်လိုက်ပြီး ပန်အိုးထဲကို ရေနည်းနည်းထည့်ပါ။

အဲဒီနောက် ချောကလက်အဖြူ ၊ အမည်းတို့ကို ထည့်လိုက်ပြီး အရည်ပျော်အောင်လုပ်လိုက်ပါ။

သွားကြားထိုးတံ နဲ့ စတော်ဘယ်ရီသီးကိုထိုးပေးလိုက်ပြီး ဇွန်းတစ်ခုခံကာ ချောကလက်နှစ်လိုက်ပါ။

ချောကလက်အညိုကိုလည်း အဲလိုပဲနှစ်ပေးလိုက်ပါ။

ပြီးရင်တော့ သကြားပုံလှလှလေးတွေနဲ့ ဘေးနားမှာ ကပ်ပေးလိုက်ပါ။

အအေးခံလိုက်ပါ။

ချောကလက် အချောင်းသေးသေးလေးတွေနဲ့လည်း အခုလို အလှဆင်ပြီးစားလို့ရပါတယ်။

ချောကလက်လုံးလေးတွေနဲ့လည်း ဒီလိုအလှဆင်လို့ရသေးတယ်နော်။

ပြီး၇င်တော့ ရေခဲသေတ္တာထဲမှာ အေးခဲလိုက်ပြီး စားသုံးနိုင်ပါတယ်။

ချော့ကလက်အမဲရဲ့ အပြင်ဖက်မှာ ချောကလက်အဖြူလေး ရစ်ပတ်ပေးပြီးလည်း အလှဆင်နိုင်ပါတယ်။

ဗာဒံစေ့လေးတွေကိုလှော်ပေးလိုက်ပြီး အတုံးလေးတွေလှီးကာ ချောကလက်ပေါ်မှာ ထပ်ကပ်ပေးလိုက်ပြီး သုံးဆောင်နိုင်ပါတယ်။

Source: www.fabhow.com

By: MyFood Myanmar