လတ်ဆတ်တဲ့ဂျင်းအမြစ်ကနေ ပြုလုပ်ထားတဲ့ ဂျင်းလက်ဖက်ရည်က ကိုယ်အလေးချိန်လျော့ချပေးရုံသာမက အစာချေစနစ်ကောင်းမွန်စေတာကြောင့် အစာအိမ်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ ဆေးလက်ဖက်ရည်ပဲဖြစ်ပါတယ်။

စာဖတ်သူအနေနဲ့ ဝိတ်ချချင်လို့ ဂျင်းလက်ဖက်ရည်ဖျော်သောက်ချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် ဂျင်းလက်ဖက်ရည်ကို နေ့စဉ်မှန်မှန်သောက်သုံးးပေးလိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ပျားရည် အနည်းငယ်
  • ၂ လက်မအရွယ် ဂျင်းတုံးတစ်တုံး (အခွံခွာထားပြီး ပါးပါးလှီးထားပါ)
  • သံပုရာသီး တစ်ခြမ်း
  • ရေ ၂၅၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရေကို အိုးတစ်လုံးထဲထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၂။ ရေ ပွက်ပွက်ဆူလာပါက ပါးပါးလှီးထားသော ဂျင်းများ ထည့်ကာ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၃။ ထို့နောက် ဂျင်းအဖတ်များကို ဖယ်ရှားလိုက်ပြီး ဂျင်းဖျော်ရည်ကို ဖန်ခွက်ထဲ ထည့်ထာားလိုက်ပါ။ ပြီးမှ သံပုရာသီးအစိတ်လေးထည့် ၊ ပျားရည် အနည်းငယ်ထည့်ပြီး ဇွန်းဖြင့် မွှေပေးလိုက်ပါ။

ရရှိလာတဲ့ ဂျင်းလက်ဖက်ရည်ကို ပူပူနွေးနွေးလေး သောက်သုံးနိုင်ပါပြီ။

အခုဖော်ပြပေးမယ့် နည်းလမ်းကတော့ လတ်ဆတ်တဲ့ဂျင်းတုံးအသုံးပြုပြီး ဂျင်းလက်ဖက်ရည်ဖျော်နည်းပဲဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဂျင်းအမှုန့်နဲ့ ဖျော်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျင်းအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ ၂၅၀ မီလီလီတာ
  • ပျားရည် (သို့) ထန်းလျက်ရည် အနည်းငယ်
  • သံပုရာသီး တစ်ခြမ်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ရေကို အပူပေးလိုက်ပါ။

၂။ ထို့နောက် ဂျင်းအမှုန့်များထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၃။ ပွက်ပွက်ဆူလာပါက မီးအပူချိန်ကို လျော့ချလိုက်ပြီး ၂ မိနစ်ခန့် ဆက်တည်ထားလိုက်ပါ။

၄။ ထို့နောက် ဖန်ခွက်ထဲထည့်ပြီး ပျားရည် (သို့) ထန်းလျက်ရည်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ပြီးမှ သံပုရာသီးအစိတ်လေးတွေကို အနည်းငယ်ထည့်ပြီး ခဏစိပ်ပေးပါ။

Source: Deber.com.br

ရရှိလာတဲ့ ဂျင်းလက်ဖက်ရည်ကို ပူပူနွေးနွေးလေး သုံးဆောင်နိုင်ပါပြီ။

ဒီဂျင်းလက်ဖက်ရည်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးပါက တစ်လကြာတဲ့အခါ သိသိသာသာ ဝိတ်ကျသွားမှာပဲဖြစ်ပါတယ်။

Source: Stylecraze.com