ကီဝီသီးဆိုတာက လူကြိုက်လည်းများတဲ့ အသီးတစ်မျိုးပါ။ သူ့မှာက အာဟာရဓာတ်တွေများစွာပါဝင်တဲ့အပြင် vitamins C, K, နဲ့ E, folate, potassium စတဲ့ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ကီဝီသီးကိုတစ်နေ့ ၃ လုံး ပုံမှန်စားပေးရင် သင့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် ရရှိလာမယ့် ကောင်းကျိုးတွေကလည်း များပါတယ်။

ကိုယ်ခံအားစနစ်ပိုကောင်းလာမယ်

ကိုယ်ခံအားကောင်းဖို့ ဗီတာမင်စီ မစားချင်ရင် ကီဝီသီးသာစားပါ။ ကီဝီသီးမှာက ဗီတာမင်စီ လုံလောက်စွာပါဝင်လို့ ကိုယ်ခံအားစနစ်ပိုကောင်းလာစေပါတယ်။

အစာခြေစနစ်ကောင်းလာမယ်

အစာစားပြီးတိုင်း ဗိုက်တောင့်ပြီး အစာမကြေဖြစ်တတ်ရင်၊ အစာမကြေလို့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်တတ်ရင်၊ မအီမသာဖြစ်ရင် ကီဝီသီးကိုစားပါ။ ကီဝီသီးကို နေ့တိုင်း တစ်နေ့ ၃ လုံး ပုံမှန်စားပေးရင် အစာခြေစနစ်လည်း အရင်ထက်ပိုကောင်းလာပါလိမ့်မယ်။

သွေးပေါင်ချိန်ပုံမှန်ဖြစ်စေမယ်

ကီဝီသီးကို တစ်နေ့ ၃ လုံး ပုံမှန်စားပေးရင် သွေးပေါင်ချိန်ပုံမှန်ဖြစ်လာမယ်။ ကျန်းမာတဲ့ Blood pressure ဖြစ်လာမယ်။

အမြင်အာရုံပျက်စီးခြင်းကိုလျော့ချပေးနိုင်မယ်

ကီဝီသီးကို တစ်နေ့ ၃ လုံး ပုံမှန်စားပေးသွားရင် အမြင်အာရုံပျက်စီးခြင်းတွေမဖြစ်အောင် လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကလေး၊ လူကြီးမရွေး စားသုံးပေးသင့်ပါတယ်။

Heart Attack ဖြစ်ခြင်းမှကာကွယ်ပေးနိုင်မယ်

ကီဝီသီးကို တစ်နေ့ ၃ လုံး ပုံမှန်စားပေးရင် Heart Attack ဖြစ်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Source: www.hhdresearch.org