အရွယ်ရောက်ပြီးသားသူတွေမှာလည်း အခန့်မသင့်ရင် ဗိုက်ထဲမှာ ကပ်ပါးကောင်တွေ ရှိလာနိုင်ပါတယ်။ တကယ်လို့ မကုဘဲထားရင် ကျန်းမာရေး ထိခိုက်နိုင်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။
တခါတလေ ဆေးဝါးနဲ့ သန်ချတာ ထိရောက်မှုရှိပေမယ့် ဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် သဘာဝနည်းလမ်းအတိုင်း သန်ဘယ်လိုချမလဲဆိုတာကို ပြောပြချင်ပါတယ်။
အခုဖော်ပြမဲ့ အစားအစာတွေက အူထဲမှာရှိတဲ့ ကပ်ပါးကောင်တွေ ဖယ်ရှားပေးနိုင်ပါတယ်။
သံပယိုသီး နှင့် ပူစီနံ ရွက်
သံပယိုသီး၊ ပူစီနံရွက် နှင့် ဆားတို့ကို ထည့်ပြီး ရေနွေးပူထဲထည့်ပြီး လက်ဖက်ရည်ကြမ်းလို သောက်ပါ။
မုန်လာဥနီ
မုန်လာဦနီ ၂ လုံးကို ခြစ်ပြီး စားပါ။ မုန်လာဦနီက ကိုယ့်အူထဲမှာ ရှိတဲ့ ကပ်ပါးကောင်တွေကို သတ်နိုင်ပြီး နောက်ထပ်လည်း ကပ်ပါးကောင်တွေ မဖြစ်လာအောင်လည်း တားဆီနိုင်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ အမွှာတချို့ကို ဝါးစားပါ။ ကြက်သွန်ဖြူက ကပ်ပါးကောင်တွေ၊ ဗက်တီးရီးယားတွေ နှိမ်နင်းရာမှာ အထိရောက်ဆုံး ဖြစ်ပါတယ်။
သံပုယိုသီး အစေ့
သံပုယိုသီး အစေ့တွေကို စေးကပ်တဲ့အထိ ကြိတ်လိုက်ပါ။ ပြီးတော့ ရေနဲ့ ရောပြီး သောက်ပါ။
အုန်းသီး
ဗိုက်ထဲမှာရှိတဲ့ ကပ်ပါးကောင်တွေ ဖယ်ရှားဖု့ိ အုန်းသီး အနည်းငယ်ကို နေ့တိုင်း တစ်ပတ်လောက်စားပါ။
ခရမ်းချဉ်သီး
ခန္ဓာကိုယ်ထဲမှာ ကပ်ပါးကောင်တွေ မှိုတွေ မရှိအောင် ကာကွယ် ဖယ်ရှားနိုင်ဖို့ ငရုတ်ကောင်းနဲ့ ဆားကို ခရမ်းချဉ်သီး အပေါ်မှာ ဖြူးပြီး စားသုံးပါ။
သင်္ဘောသီး အစေ့
သင်္ဘောသီး အစေ့ကို ကြိတ်ပြီး စားပါ။
ဗိုက်ထဲမှာ ကပ်ပါးကောင်တွေရှိနေပါရင်
- စအိုလမ်းကြောင်းမှာ ယားယံခြင်း
- ပျို့အန်ခြင်း
- အစားစားချင်စိတ် နည်းပါးခြင်း
- အသက်ရှူရ ခက်ခဲခြင်း
- ဗိုက်ပူလာခြင်း
- ခေါင်းပြင်းထန်စွာ ကိုက်ပြီး ပျို့အန်ခြင်း၊ အမြင်အာရုံ အားနည်းခြင်း
- မျက်လုံး ယောင်ရမ်းခြင်း
- ဝမ်းသွားချိန် သွေးပါခြင်း
စတာတွေ ဖြစ်နိုင်ပါတယ်။