ခရမ်းချဉ်သီးကို အမြဲတမ်းတော့မရှောင်နိုင်ကြပါဘူး။ ဟင်းတစ်ခွက်ရဲ့ အနှစ်သာရ ခရမ်းချဉ်သီးရဲ့ ချဉ်ပြုံးပြုံးအရသာလေး ပါရင် ပိုစားကောင်းတာ အမှန်ပဲပေါ့။ အစားအသောက်အတွက်ပဲ မဟုတ်ပါဘူး။ အလှအပအတွက်ပါ ခရမ်းချဉ်သီး ကိုကြိတ်ပြီး မျက်နှာပေါ်လိမ်းကာ ပေါင်းတင်လာကြပါတယ်။

ဒီ့အပြင် ခရမ်းချဉ်သီးဟာ ကင်ဆာ၊နှလုံးရောဂါ၊ ဆီးချို၊ ကျောက်ကပ်အစရှိတဲ့ရောဂါတွေ မဖြစ်နိုင်ရန်ကာကွယ်ပေးတဲ့အပြင် အမြင်အာရုံ အားဖြည့်ပေးခြင်း၊အစာချေနှုန်းတိုးမြှင့်ပေးခြင်း၊ အရွယ်မတိုင်ခင် အိုမင်ရင့်ရော်ခြင်း အပြင်အခြားရောဂါပေါင်းများစွာကို ကာကွယ်ပေးပါတယ်။

ဒါပေမယ့် အံ့ဩစရာတစ်ခုကတော့ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်ပုံမှန်သောက်ပေးခြင်းအားဖြင့် ၂လအတွင်း ခါးတစ်လက်မကျစေတယ်ဆိုတာပဲ။ ထိုင်ဝမ်မှာရှိတဲ့ တရုတ်ဆေးကျောင်းတစ်ခုက သုတေသနအနေနဲ့ အသက်၂၀ မှ ၃၀ အရွယ်ရှိတဲ့ အမျိုးသမီးတွေကို စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ့အမျိုးသမီးတွေကို နေ့စဉ်ပုံမှန် ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်သုံးစေပြီး ၈ပတ် (၂လ) ကြာတဲ့အခါမှာတော့ ခါး ၁လက်မရဲ့ ၃ပုံ ၂ပုံလောက်သိသိသာသာကျဆင်းသွားတဲ့အပြင် ကိုယ်အလေးချိန်တစ်ပေါင်ထက် ပိုလျော့သွားတာတွေ့ရှိလာရတယ်။

ဒါပေမယ့်လည်း အာဟာရပညာရှင်တစ်ဦးဖြစ်တဲ့ Mike Lean ကတော့ ဒီနည်းလမ်းဟာ ချွတ်ယွင်းချက်လေးရှိနိုင်တယ်လို့ ဆိုထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ စမ်းသပ်မှုတွေပြုလုပ်တဲ့အခါမှာ (Control Group) လို့ခေါ်တဲ့ ခရမ်းချဉ်သီးမသောက်သုံးတဲ့အဖွဲ့ မရှိသေးတဲ့အတွက်ကြောင့် သောက်သုံးသူနဲ့ မသောက်သုံးသူတို့ရဲ့ရလဒ် နှိုင်းယှဉ်လို့မရတဲ့အတွက်ကြောင့် တိကျတဲ့ အဖြေမထွက်လာသေးပါဘူးလို့ဆိုထားတယ်။

Mike Lean

ဒါပေမယ့်လည်း အကျိုးတော့မယုတ်ပါဘူး။ ခါးမကျစေနိုင်ရင်တောင် သူ့ရဲ့ အလှအပရေးရာရော၊ ကျန်းမာရေးအကျိုးကျေးဇူးတွေရော အများကြီးရှိနေသေးတဲ့အတွက် သောက်သုံးမယ်ဆိုရင်လည်း စိုးရိမ်ဖွယ်ရာမရှိပါဘူး။

လွယ်ကူတဲ့ ခရမ်းချဉ်သီးဖျော်နည်း

  • ရေမ်းချဉ်းသီးကို ရေဆေး ခေါင်းထိပ်ကလေးဖြတ်ပြီး ခပ်ထူထူလှီးကာ ကြိတ်စက်သို့မဟုတ် ဖျော်ရည်စက်ထဲထည့်ကြိတ်ပါ။
  • လိုအပ်သလောက်ရေရောပါ။
  • ဆား၊ငရုတ်ကောင်းလိုအပ်သလောက်ထည့်ပါ။

အခုဆို လှပကျန်းမာ နုပျိုတဲ့အပြင် ခါးလည်းသွယ်စေမယ့် သဘာဝခရမ်းချဉ်သီးဖျော်ရည် ရရှိပါပြီ။