သင်က ဝမ်းချုပ်ခြင်းကို မကြာခဏ ခံစားနေရတဲ့သူတစ်ယောက်ပါလား။ ဒီလိုမကြာခဏ ဝမ်းချုပ်နေခြင်းက ရေရှည်ဆိုရင် သင့် ကျန်းမာရေးအတွက် မကောင်းပါဘူး။ သင့်ရဲ့အူလမ်းကြောင်းနဲ့ အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဒါဆိုရင် ဝမ်းချုပ်ခြင်းကို အရှင်းပျောက်ကင်းဖို့ရန်အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ကုသရမလဲ။

လိမ္မော်ဖျော်ရည်က ဝမ်းချုပ်ခြင်းကို ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။

လိမ္မော်ဖျော်ရည်ကို ဘယ်လိုသောက်သုံးပေးရမလဲ။

သံလွင်ဆီနဲ့ လိမ္မော်ဖျော်ရည်ကို တွဲဖက်ပြီးသောက်သုံးပါ

ပါဝင်ပစ္စည်းနှစ်မျိုးကတော့ လိမ္မော်ရည်တစ်ခွက်နဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ထိုပါဝင်ပစ္စည်းနှစ်မျိုးစလုံးကို သမအောင် ရောမွှေပြီးနောက် သောက်သုံးပေးလိုက်ပါ။

ဝမ်းချုပ်တဲ့လက္ခဏာများ ကြုံတွေ့ရပြီဆိုတာနဲ့ ဒီဖျော်ရည်လေးကို သောက်သုံးပေးလိုက်ပါ။ သံလွင်ဆီအစား ကြက်ဆူဆီ (သို့) အခြားသဘာဝအဆီများကို အစားထိုးအသုံးပြုနိုင်ပါတယ်။ အကျိုးအာနိသင်ကတော့ အတူတူပါပဲ။

ဆီးသီးခြောက်နဲ့ လိမ္မော်ဖျော်ရည်ကို တွဲဖက်သောက်သုံးပါ

ဆီးသီးခြောက်ဖျော်ရည် ဖန်ခွက်တစ်ဝက်စာနဲ့ လိမ္မော်ဖျော်ရည် ဖန်ခွက်တစ်ဝက်စာတို့ကို အချိုးတူရောစပ်ပြီးနောက် သောက်သုံးပေးလိုက်ပါ။ နာရီပိုင်းအတွင်း ဝမ်းချုပ်ခြင်း သက်သာသွားပါလိမ့်မယ်။

လိမ္မော်ဖျော်ရည်နဲ့ ရှားစောင်းလက်ပတ်ကို တွဲဖက်သောက်သုံးလိုက်ပါ

ရှားစောင်းလက်ပတ်ဂျယ် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ လိမ္မော်ရည် ဖန်ခွက် တစ်ခွက်စာခန့် လိုအပ်ပါလိမ့်မယ်။ အရင်ဦးဆုံး ရှားစောင်းလက်ပတ်ဂျယ်ကို အပင်ကနေ ခြစ်ထုတ်လိုက်ပါ။ ထို့နောက် လိမ္မော်ဖျော်ရည်ထဲထည့်ပြီး သောက်သုံးလိုက်ပါ။ ၄ နာရီမှ ၅ နာရီအတွင်း ထပ်တလဲလဲ သောက်သုံးပေးလို့လည်းရပါတယ်။

အချို့တွေကတော့ နာရီပိုင်းအတွင်း သက်သာသွားမှာဖြစ်ပြီး အချို့ကတော့ အချိန်အနည်းငယ်ကြာမြင့်နိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးအတွက် စိတ်ပူစရာမလိုတဲ့အတွက်ကြောင့် မသက်သာမချင်း ထပ်တလဲလဲသောက်သုံးပေးနိုင်ပါတယ်။

Source: stylecraze.com