လူနေမှုပုံစံတွေပြောင်းလဲလာတာနဲ့ အမျှ ကျောက်ကပ်ကို အလုပ်ပိုပေးပြီး ဒုက္ခပေးနိုင်တဲ့ အစားအစာတွေ ပိုပြီး စားဖြစ်လာကြပါတယ်။

ကဖိန်းဓာတ်ပါတဲ့ ကော်ဖီတွေ ပိုသောက်လာမယ်၊ အသင့်စား အစားအစာတွေ ပိုစားလာတယ်၊ အရက်သေစာတွေ သောက်စားတာတွေက ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေကို ခေါ်သွင်းလာလို့ ကျောက်ကပ်ကိုလည်း ထိခိုက်အောင် လုပ်ဆောင်နေတာပါ။

ကျောက်ကပ်က ၂၄ နာရီ ၇ရက်ပတ်လုံး အလုပ်တွေ မရပ်မနားလုပ်ရတဲ့အပြင် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကိုလည်း သန့်စင်ပေးရပါတယ်။ ဒါကြောင့် အဆိပ်အတောက်တွေက ကျောက်ကပ်မှာ အနည်ထိုင်ပြီး ကျောက်ကပ်ရောဂါတွေ ဖြစ်လာပါတယ်။

ကျောက်ကပ်က အလုပ်အရမ်းများပြီး အလုပ်သေချာမလုပ်နိုင်တော့ရင် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို မဖယ်ရှားနိုင်တော့ဘဲ တခြားအစိတ်အပိုင်းတွေပါ ထိခိုက်လာပါတယ်။

image_water

ရေသောက်ပေးပါ

အဆိပ်အတောက်တွေ ဖယ်ရှားနေရတဲ့ ကျောက်ကပ်အတွက် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်ကြားသောက်ပေးဖို့ လိုပါတယ်။

အဲ့ဒီအပြင် ကျောက်ကပ် ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ ဖျော်ရည်တွေလည်း သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

can-dogs-eat-celery-2

တရုတ်နံနံ ဖျော်ရည်

တရုတ်နံနံမှာ Luteolin နဲ့ Polyacetylene ဆိုတဲ့ ကွန်ပေါင်း ၂မျိုးက ဂေါက်၊ တခြား အဆစ်အမြစ်ရောင်ရောဂါနဲ့ အရိုးပွတာတွေကို ကာကွယ်ကူညီပေးပါတယ်။ တရုတ်နံနံ ဖျော်ရည်က ခန္ဓာကိုယ်အတွင်းရှိ pH ဓာတ်တွေ၊ အက်ဆစ် နဲ့ အယ်ကာလိုင်းတို့ကို ထိန်းညှိပေးပါတယ်။ သူ့မှာ ကင်ဆာကို ကာကွယ်နိုင်တဲ့ Antioxidants များပါဝင်ပြီး ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကျောက်ကပ်ကျောက်တည်တာတွေအတွက်လည်း ကောင်းပါတယ်။

ပြုလုပ်နည်း

တရုတ်နံနံကို ရေဆေးပြီး ဖျော်စက်ထဲထည့်ပါ။ (အဖက်သပ်သပ် အရေသပ်သပ် ထွက်တဲ့ ဖျော်စက်) ပြီးရင် အဲ့ဒီဖျော်ရည်ကို ဒီအတိုင်းဘဲ သောက်သောက် ကိုယ်ကြိုက်နှစ်သက်သလို အရသာ ပြင်ပြီးသောက်လို့ရပါတယ်။ လုပ်နည်းသေချာသိချင်ရင်အောက်က YouTube Link မှာ ဝင်ကြည့်နိုင်ပါတယ်။

pixabay.com-lemon

သံပုရာရည်

သံပုရာရည်မှာ သဘာ၀ အက်ဆစ်ဓာတ်ပါဝင်တာကြောင့် ဆီးထဲမှာရှိတဲ့ Citrine အဆင့်ကို မြင့်စေပါတယ်။ Citrine က ကျောက်ကပ်မှာ ကျောက်တည်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သံပုရာသီး ၄ လုံးကို ညှစ်ပြီး ရေနဲ့ ဖျော်ကာ တစ်နေ့လုံးလုံး အဲ့ဒီ သံပုရည်ကို သောက်ပေးပါ။