လာအိုစတိုင်လ် ကြက်ခြေထောက် အရိုးထုတ်သုပ်ကလေး ချက်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပြုတ်ထားပြီးသား အရိုးထုတ်ထားတဲ့ ကြက်ခြေထောက် ၁ ပေါင်
  • သံပုရာသီး ၁လုံး
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ဇွန်း
  • စပါးလင် ၁ ချောင်း (ပါးပါးလှီးထား)

  • ကြက်သွန်မြိတ် ၂ ချောင်း (ပါးပါးလှီးထား)
  • ပူစီနံ ၄ ရွက်
  • နံနံပင် ၅ ချောင်း (ပါးပါးလှီးထား)
  • ငရုတ်သီး ၄ တောင့်

ပြုလုပ်နည်း

အိုးကြီးတစ်လုံးထဲကို ရေထည့်ပြီး ဆူအောင်တည်ပါ။ ကြက်ခြေထောက်ကို ဖြူလာတဲ့အထိ အိုးထဲမှာ ၅ မိနစ်လောက်ပြုတ်ထားပါ။ ရေအေးနဲ့ စိမ်လိုက်ပါ။ ကြက်ခြေထောက်တွေကို အသေးလေးတွေ လှီးလိုက်ပါ။

အသုပ်သုပ်ရန်

သံပုရာသီး ၁ လုံးကို ညှစ်လိုက်ပြီး သကြား၊ ငါးငံပြာရည်နဲ့ နယ်လိုက်ပါ။ သကြားပျော်ဝင်သွားတဲ့အထိ နယ်ပါ။ ကြက်ခြေထောက်ကို ဇလုံထဲထည့်ပြီး ခုနက ဖျော်ထားတာနဲ့ နယ်ပါ။ တခြား ပါဝင်ပစ္စည်းများထည့်ပြီး နယ်ပါ။ အခန်းအပူချိန် သို့ အေးနေချိန်မှာ စားသုံးပါ။

Photos Credit: What To Cook Today